Celebrities

ဘဝရဲ့အနွေးထွေးဆုံးနဲ့ အချစ်ရဆုံးသားလေးဆိုပြီး မြတ်သူလေးကိုပွေ့ကာ ကြည်နူးမဆုံးဖြစ်နေတဲ့ ဖေဖေမြင့်မြတ်

မိသားစုဘဝလေးကို ပိုင်ပိုင်နိုင်နိုင်တည်ဆောက်ထားနိုင်တဲ့ မြင့်မြတ်တစ်ယောက် တစ်အိမ်လုံးရဲ့ ဆည်းလည်းလေးဖြစ်တဲ့ သားလေးမြတ်သူကို ချစ်မဝနိုင်ဖြစ်နေခဲ့ပါတယ်။ တစ်ဦးတည်းသောသားလေးဖြစ်ပြီး ဒီသားလေးရဲ့ဆန္ဒတွေကို အကောင်းဆုံး ဖြည့်ဆည်းနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေခဲ့ပါတယ်။

အရမ်းကိုလည်နေပြီဖြစ်တဲ့ သားလေးဟာ ဖေဖေနဲ့မေမေကို အမျိုးမျိုးကပ်ချွဲပြီး လိုချင်တာလေးတွေကိုလည်း တောင်းတတ်ပါသေး တယ်။ လိုချင်တာမရလို့ ငိုနေတဲ့ကလေးရဲ့ ပုံလေးတွေကိုလည်း ဖေဖေကချစ်စနိုးနဲ့ ဝေမျှတတ်ပါသေးတယ်။ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့မင်းသားဟာ အပြင်မှာတော့ မိသားစုကိုသိပ်ချစ်ပြီး ရိုးသားကြိုးစားတဲ့ ခပ်အေးအေးလူ တစ်ယောက်ပါ။

သားလေးနဲ့နှစ်ယောက်ပုံကို ” ကျနော်ဘဝရဲ့အနွေးထွေးဆုံးနဲ့အချစ်ရဆုံးသားလေး ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ဖခင်မေတ္တာဟာ လုံခြုံနွေးထွေးတဲ့ခံစားချက်ကိုပေးသလို မိခင်မေတ္တာဟာ အေးချမ်းပျော်ရွှင်မှုကိုပေးပါတယ်။ ချစ်စရာမြတ်သူ လေးကတော့ ဖေဖေ မေမေတို့ရဲ့အရိပ်အောက်မှာ အေးချမ်းလုံခြုံနေခဲ့ပါတယ်။

#credit