Celebrities

ရိုက်ဖူးသမျှထဲမှာ အကြမ်းဆုံးပုံလို့ပြောလို့ရတဲ့ ခပ်မိုက်မိုက်ပုံရိပ်တစ်ချို့ကို ချပြလိုက်တဲ့ အပျိုကြီးမအေးသောင်း

အပျိုကြီးမအေသောင်းရဲ့ တကျော့ပြန်ခရီးလမ်းဟာ မြန်မာဆန်ဆန်ရိုးရိုးယဉ်ယဉ်လေးနဲ့ပဲ စတင်လျှောက်လှမ်းခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိခဲ့တာပါ။ ဒီနောက်မှာလည်း သူမကိုယ်တိုင်လည်း ပိုးထည်၊ချည်ထည်ရောင်းတဲ့ဆိုင်လေး ဖွင့်လှစ်ခဲ့သလို မြန်မာဝတ်စုံတွေကိုပဲ ဦးစားပေးပြီး ဝတ်စားခဲ့တာပါ။

ပွဲတက်တွေဆိုရင်လည်း တကယ့်ကိုအမိုက်စားဖက်ရှင်တွေနဲ့ အားလုံးငေးသွားရအောင်ကို လှလွန်းယဉ်လွန်းသူ အပျိုကြီးမမပါ။ ဒီနေ့မှာတော့ သူမရဲ့အမိုက်စား ခပ်ကြမ်းကြမ်းပုံရိပ်တွေကို ချပြလိုက်ပါတယ်။ တောတွင်းမိန်းမပျို တာဇံမလေးလို အသွင်နဲ့ ရိုက်ထားတဲ့ပုံလေးတွေဟာ ရင်ခုန်ချင်စရာကောင်းလွန်းပါတယ်။

ပရိသတ်တွေကတော့ အရင်လိုမြန်မာဆန်ဆန်ပုံလေးနဲ့ပဲပြန်ရိုက်ပါဆိုပြီးတောင်းဆိုကြသလို အသစ်အဆန်းတစ်ခုပြောင်းလုပ်တာ ကို ကြိုဆိုတဲ့ပရိသတ်တွေလည်းအများအပြားပါပဲ။ လှတဲ့သူဆိုတော့လည်း ဘယ်လိုပုံစံလေးပဲပြင်ပြင် လှနေတော့တာပါပဲ။ ပရိသတ်ကြီးရဲ့ အမြင်ကိုလည်း ပြောပေးခဲ့ပါဦးနော်။

#credit