Celebrities

အိမ်ထဲမှာပဲနေရတဲ့သားလေးကိုသနားလို့ face shield တပ်ပေးပြီး အပြင်ကိုခဏထွက်လည်ပေးခဲ့တဲ့ မေမေပိုးအိအိခန့်

ကပ်ရောဂါဆိုးကြီးကြောင့် လူတိုင်း Stay Home နေရတဲ့အချိန်မှာ အရင်လို အပြင်လောကနဲ့ အမြဲတမ်းမထိတွေ့ရတော့ စိတ်တွေက တဖြေးဖြေးမပျော်မရွှင်ဖြစ်လာကြတာတော့အမှန်ပါပဲ။ မေမေပိုးအိအိခန့်ကတော့ အိမ်ထဲမှာပဲနေရတဲ့ သားလေးကိုသနားလို့ အပြင်က စိမ်းစိမ်းစိုစို ပတ်ဝန်းကျင်ကို ခဏတဖြုတ်လိုက်ပြပေးခဲ့ပါတယ်။

အပြင်မထွက်ရတာကြာပြီဖြစ်တဲ့ ကိုးလေးကတော့ အပြင်ခဏလေးထွက်ရတာကို အရမ်းပျော်နေခဲ့ပါတယ်။ လျှောက်သွား လျှောက်ပြေးရင်း မောနေတဲ့သားလေးကို တပ်ထားတဲ့ Face Shield လေး ခဏဖြုတ်ရင်း မေမေနဲ့အတူလမ်းလျှောက်နေတဲ့ ပုံလေးကို အမှတ်တရအဖြစ် ဓာတ်ဖမ်းခဲ့ပါသေးတယ်။

သားလေးနဲ့အတူအပြင်သွားတဲ့ပုံလေးကို ” အမြဲ အိမ်ထဲမှာပဲနေရတဲ့ကလေးလေးကို သနားလို့ စိမ်းစိမ်းစိုစိုလေးကို မြန်မြန် ဆန်ဆန်လေး အပြင်ခဏ ထွက်ပြရတယ် သားလေးကလည်း ပျော်လိုက်တာမှ အရမ်း P.S baby ကို face shield တပ်ပေးပါတယ်ရှင် အရမ်းပြေးဆော့နေတော့ ချွေးတွေထွက်လို့ ခဏချွတ်ထားပေးတာပါ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

#credit