Celebrities

နိုင်ငံကျော်သရုပ်ဆောင်ကြီးတွေနဲ့ ပထမဆုံးသရုပ်ဆောင်ရတဲ့ ငယ်ဘဝအကြောင်းပြောပြလာတဲ့ ရဲလေး

ထိပ်ဆုံးမှာအမေဆိုတဲ့ သီချင်းလေးရဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိလာခဲ့တဲ့ ရဲလေးကတော့ အခုဆို အောင်မြင်တဲ့အနုပညာရှင်တစ်ယောက် အဖြစ်ရပ်တည်နိုင်ခဲ့ပါပြီ ပရိသတ်ကြီးရေ ..။ 90kids တွေရဲ့အသည်းစွဲ အဆိုတော်တစ်ယောက်ဖြစ်ခဲ့သလို အဲဒီခေတ်အခါက အတော်လေး လူငယ်ပရိသတ်တွေရဲ့အသည်းစွဲ ဖြစ်ခဲ့တာပါ ။

လတ်တလောမှာတော့ ရဲလေးက ချင်းပြည်နယ်ကို ပထမဆုံး ရောက်ခဲ့တဲ့ အမှတ်တရလေးကို ပရိသတ်တွေကို ပြန်လည်ပြောပြလာခဲ့ပါတယ် ။ ချင်းပြည်နယ်ကို ပထမဆုံးရောက်ဖူးတဲ့အချိန်မှာ အရမ်းပျော်ခဲ့ရသလို နိုင်ငံကျော်ကြီးတွေနဲ့ အတူတူသရုပ်ဆောင် အတူတူဓါတ်ပုံရိုက်ခွင့် ရခဲ့တာကလည်း ဘဝမှာ မမေ့နိုင်တဲ့ ကံကောင်းခြင်းအမှတ်တရတွေ ပါပဲဗျာ ဆိုတဲ့စာသားလေးနဲ့အတူ တစ်ခါက ပရိသတ်တွေကြားမှာ အတော်လေးနာမည်ကြီးခဲ့တဲ့ ဇာတ်ကားထဲက သရုပ်ဆောင်တွေနဲ့အတူ တွဲဖက်ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ။

ပြန်ကြည့်တော့မှ ပုံထဲမှာ ကျွန်တော် အငယ်ဆုံးပဲဖလမ်းမြို့ရဲ ့အမှတ်တရလေးတွေကိုတော့ နောက်ပိုင်း post လေးတွေမှာ ထပ်ရေးပါမယ် ဆိုတဲ့စာသားလေးနဲ့လည်း ချင်းပြည်နယ် ရောက် အမှတ်တရတွေအကြောင်းမျှဝေပေးသွားဦးမယ့်အကြောင်း ရေးသားထားပါသေးတယ် ။ အမြဲကြိုးစားနေမှာဖြစ်လို့ သတိရရင်အားပေးပါဦးလို့လည်း ရဲလေးက ပရိသတ်တွေကို တောင်းဆိုခဲ့ပါတယ် ။

#CREDIT