Knowledge

သင်သာ သိန်းတသောင်းခွဲ ထီပေါက်ရင် ဆုငွေထုတ်ဖို့ လိုအပ်တဲ့ အချက်များ

ပထမအဆင့်

(၁) သန်းခေါင်စာရင်း မူရင်းပြ၍ မိတ္တူ ပေးရပါသည်။ (၂) မှတ်ပုံတင် မူရင်းပြ၍ မိတ္တူ ပေးရပါသည်။(၃) ပတ်စ်ပို့စ် ဓာတ်ပုံ ၁ ပုံ ပေး၍ အောင်ဘာလေ ထီလက်မှတ် နံပါတ်နှင့် ထီပေါက်သူ၏ အမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကို ဖြည့်စွက် ရေးသား၍ ဝဲဖက်လက်မဖြင့် လက်ဗွေနှိပ်ပေး ရပါသည်။

(၄) ထီလက်မှတ်များ၏ နောက်ကျောဖက်တွင် ဝဲဖက်လက်မ၏ လက်ဗွေနှိပ်ပြီး လက်မှတ်ထိုး ရပါသည်။(၅) ပတ်စ်ပို့စ် ဓာတ်ပုံ ၂ ပုံ ထပ်ပေး၍ ငွေဖြူအဖြစ် ကြေငြာရန် ထပ်မံ၍ ဖောင်ဖြည့်ပြီး တံဆိပ်ခေါင်း ၃၀၀ ကျပ်တန် တစ်ခု ကပ် လျှောက်ထား ရပါမည်။ တစ်လကြာမှ တစ်ခေါက်ပြန် သွား၍ ငွေဖြူဖြစ်ကြောင်း ထောက်ခံစာ ရမည်ဟု သိရပါသည်။ (တံဆိပ်ခေါင်း ၃၀၀ ကျပ်တန်ကို အောင်ဘာလေထီဆုငွေ ထုတ်ပေးသော ၃၇ လမ်းတွင် မရောင်းပါ။ ၃၆ လမ်းသို့ သွား၍ တန်းစီ ဝယ်ရပါသည်။ တန်းမစီချင်ပါက အပြင်ဖက်၌ အန်တီတစ်ယောက် ထံတွင် ၅၀၀ ကျပ်ပေး၍ ဝယ်နိုင်ပါသည်။)

ဒုတိယအဆင့်

(၁) ပထမအဆင့် အားလုံးပြီးပါက မိမိ၏ ထီလက်မှတ် အတွက် စစ်ဆေးမှုကို ၂ နာရီခန့် စောင့်ရပါသည်။ (၂) စစ်ဆေးမှု ခံယူပြီးသောအခါ ဆုကြေးငွေအတွက် ချက်လက်မှတ် ယူရန် ဆုကြေးငွေထုတ်ပေးသောဌာနခန်းသို့ သွားရပါမည်။ (၃) ၁ နာရီခန့် ကြာလျှင် အမည်ခေါ်၍ လက်မှတ်ထိုးခိုင်းပြီး ချက်လက်မှတ် ထုတ်ပေးပါမည်။

တတိယအဆင့်

(၁) ဆုကြေးငွေ ချက်လက်မှတ်ကို မြန်မာ့စီးပွားရေး ဘဏ်ခွဲ အမှတ် (၅) သို့ သွား၍ ထုတ်ယူ ရပါသည်။ (ဘဏ် (၅) သို့ ဆုကြေးငွေ ထုတ်ယူဖို့ သွားမည်ဆိုပါက နေ့လည် ၃ နာရီ မထိုးခင် အရောက်သွားမှ ထုတ်ယူနိုင်ပါသည်။ သို့မဟုတ်ပါက နောက်တစ်နေ့မှ ထုတ်ယူ ရနိုင်ပါသည်။)

အထက်ပါ အဆင့်များသည် အောင်ဘာလေ ထီရုံးခွဲများတွင် မထုတ်ပေးသည့် ထီဆုကြီးများ အားလုံးအတွက် ဆုငွေ ထုတ်ပုံထုတ်နည်း ဖြစ်ပါသည်။ အားလုံးပဲ မနက်ဖြန်ကျရင် ကံကောင်းကြပါစေဗျာ။

Unicode

#credit