Celebrities

တန်ဆောင်မုန်းလပြည့်နေ့မှာ ငွေကျပ် (၁၀)သိန်းပံ့သကူပစ်ပြီးလှူဒါန်းမယ့် ဒီဇိုင်နာ မျိုးမင်းစိုး

နာမည်ကြီး အနုပညာရှင်တွေရဲ့ အမိုက်စားဖက်ရှင်တွေကို ပုံဖော်ဖန်တီးပေးနေတဲ့ ဒီဇိုင်နာ မျိုးမင်းစိုးကတော့ ဒီဇိုင်နာလောက မှာအောင်မြင်ကျော်ကြားနေတဲ့ သူတစ်ဦးပါ ။ စိတ်စေတနာကောင်းမွန်တဲ့ ပရဟိတသမားတစ်ယောက် အဖြစ်လည်း ပရိသတ်တွေသိထားတဲ့ ဒီဇိုင်နာမျိုးမင်းစိုးကတော့ တန်ဆောင်မုန်းလပြည့်နေ့မှာ အလှူလေးတစ်ခု ပြုလုပ်သွားဖို့ရှိတယ်လို့သိရပါတယ် ။

မနက်ဖြန်တန်ဆောင်မုန်းလပြည့်နေ့မှာ ငွေ(၁၀)သိန် းပံ့သကူပစ်ပြီး လှူဒါန်းသွားမှာပဲဖြစ်ပါတယ် ။ ဒါ့အပြင် တန်ဆောင်မုန်းလပြည့်နေ့ ကုသိုလ်အဖြစ် ဆန်၊ ဆီ ၊ ဆေး၊ ဆားတို့ကို မြတ်စွာဘုရားအားကပ်လှူပူဇော်မှာဖြစ်တဲ့အကြောင်းကို ဒီဇီုင်နာမျိုးမင်းစိုးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာာကနေတဆင့် ပရိသတ်တွေ အသိပေးခဲ့တာဖြစ်ပါတယ် ။

မနက်ဖြန် တန်ဆောင်မုန်းလပြည့်နေမှာ မနက်စောစောထဲက ကားနဲ့လှည့်ပြီ းပံ့သကူပစ်ပါမှာဖြစ်တယ်လို့လည်းရေးသားဖော်ပြထားပါသေးတယ် ။ မျိုးမင်းစုးရဲ့ ပံ့သကူအလှူလေးကို ရရှိတဲ့ ပရိသတ်တွေအားလုံး ပျော်ရွှင်ကြပါစေလို့ ဆယ်လီကမ္ဘာမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

#credit