Celebrities

သရုပ်ဆောင်ထားတဲ့ ဟာသသီချင်းစာသားထဲမှာနာမည်ပါဝင်ခဲ့တဲ့ လူကြမ်းမင်းသားတွေအတွက် အလှူငွေ (၂)သိန်းကန်တော့ခဲ့တဲ့ ဂျိုကာ

ရဲလေးရဲ့ ညီဖြစ်သလို ဟာသ သရုပ်ဆောင် အဆိုတော် တစ်ယောက်ဖြစ်တဲ့ ဂျိုကာကတော့ သူ့ရဲ့ ဟာသ ဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေကို အမြဲရယ်မော ပျော်ရွှင်စေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ မကြာခဏ ဆိုသလို ဟာသ ဗီဒီယိုနဲ့ Tik Tok လေးတွေကို ပရိသတ်တွေကို မျှဝေပေးလေ့ရှိတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ် ။

လတ်တလောမှာတော့ တေးသံရှင်ဂျိုကာကသူသရုပ်ဆောင်ထားတဲ့ ဟာသသီချင်းစာသားထဲမှာ နာမည်ပါဝင်ခဲ့တဲ့ အဖိုးအကယ်ဒမီဦးကျောက်လုံး ၊ အကယ်ဒမီဦးအံ့ကျော်၊ စိုင်းအောင်တင့် ၊ ကိုကိုဦးနဲ့ ကိုလူချောတို့ကို ငွေ၂၀၀၀၀၀(နှစ်သိန်းကျပ်)ကန်တော့ခဲ့တယ်လို့သိရပါတယ် ။ ဒီအလှူငွေတွေကို ကိုလူချောအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် အောင်ခိုင်ကနေ တဆင့် လှူဒါန်း ကန်တော့ခဲ့တာပဲဖြစ်ပါတယ် ။

ဂျိုကာလှူဒါန်းကန်တော့ခဲ့တဲ့ အချိုးကျလှူဒါန်းငွေမှာ ကထိန်အလှူဖြစ်တယ်လို့လည်း အောင်ခိုင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။ ဂျိုကာရဲ့ အလှူလေးကို ပရိသတ်ကြီးလည်း ထပ်တူ သာဓုခေါ်ဆိုနိုင်ဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

#credit