Celebrities

တန်ဆောင်မုန်းလပြည့်နေ့မှာ ပံ့သကူပစ်ဖို့အတွက်ပြင်ဆင်နေတဲ့အကြောင်းပြောပြလာတဲ့ စံရတီမိုးမြင့်

ထူးခြားလှပတဲ့ရုပ်ရည်ကိုပိုင်ဆိုင်သလိုဆွဲဆောင်မှုရှိရှိလှတဲ့ မင်းသမီးချောလေးစံရတီမိုးမြင့်ကိုတော့ ပရိသတ်တွေသိကြမှာပါ။ မော်ဒယ်လ်တစ်ယောက်အနေနဲ့ပရိသတ်တွေစတင်သတိထားမိခဲ့ကြပြီးအခုဆိုရင်တော့ ပရိသတ်ချစ်တဲ့မော်ဒယ်လ်၊မင်းသမီးတစ်လက်အဖြစ်ရပ်တည်နေတာ ဖြစ်ပါတယ်။

သဲလို့ချစ်စနိုးခေါ်ကြတဲ့စံရတီမိုးမြင့်ကတော့ တိရစ္ဆာန်လေးတွေကိုချစ်ခင်ကြင်နာတတ်သူလေးဖြစ်တယ်ဆိုတာ သိကြမှာပါ။ ဒါ့အပြင်လိုအပ်တဲ့အချိန်မှာအလှူပြုဖို့ကိုလည်း မမေ့လျော့တတ်တဲ့သူလို့ ဆိုရပါတယ်။ ဒီနေ့တန်ဆောင်မုန်းလပြည့်နေ့မှာတော့ သဲတစ်ယောက်ပံ့သကုအလှူပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

သဲကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ပံ့သကူအလှူအတွက် ဆန်၊ဆီ၊ဆားနဲ့ အလှူငွေတွေပြင်ဆင်ထားတဲ့အကြောင်းကို မျှဝေဖော်ပြလာတာပဲဖြစ်ပါတယ်။ အခုလိုနေ့ထူးနေ့မြတ်လေးမှာ လှူဒါန်းမှုတွေပြုလုပ်တဲ့သဲရဲ့အလှူကြောင့် ပရိသတ်တွေကလည်း ကြည်နူးပီတိဖြစ်နေကြတော့မှာအမှန်ပါပဲနော်….
Source : SanYatiMoeMyint

#credit