Celebrities

မိခင်ဖြစ်သူရဲ့မွေးနေ့မှာ အမှတ်တရပုံရိပ်လေးတွေနဲ့အတူ မွေးနေ့ဆုတောင်းလာတဲ့ စိုးပြည့်သဇင်

အနုပညာမျိုးဆက်တစ်ယောက်ဖြစ်သလို ထူးချွန်တဲ့အနုပညာအရည်အချင်းပိုင်ဆိုင်ထားသူကတော့ စိုးပြည့်သဇင်ပါ။ ငယ်ငယ်လေးနဲ့ အကယ်ဒမီဆုကိုရရှိပိုင်ဆိုင်ထားသလို ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူလည်း ဖြစ်ပါတယ်။

းပြည့်သဇင်ကတော့ မိခင်ဖြစ်သူရဲ့မွေးနေ့လေးမှာ သူ့ရဲ့ဖေ့ဘွတ်ခ်အကောင့်ကနေပြီး ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။ အဲ့ဒီအကြောင်းကိုတော့ “Happy birthday မေကြီး အမြဲပျော်ပျော်နေတတ်ပြီးသဘောကောင်းတဲ့မေမေ….ရိုးရှင်းတဲ့မေမေ…သမီးအနားမှာအမြဲစောင့်ရှောက်ပေးတဲ့မေမေ…မိသားစုကိုချစ်မြတ်နိုးတဲ့မေမေ….အေးချမ်းပြီးသဘောကောင်းလို့လူချစ်လူခင်ပေါတဲ့မေမေ….စိတ်ချမ်းသာပါစေ…ကိုယ်ကျန်းမာပါစေ…ကောင်းကျိုးလိုအင်ဆန္ဒတွေပြည့်စုံပြီးးတရားထူးတရားမြတ်တွေလည်းရရှိပါစေချစ်တဲ့မေကြီး ” ဆိုပြီးတော့ ရေးသားဖော်ပြထားတာပါ။

စိုးပြည့်သဇင်ကတော့ အမေဖြစ်သူနဲ့အတူရိုက်ထားတဲ့ ငယ်စဉ်ကပုံးလေးတွေကနေပြီး အမှတ်တရပုံများစွာကိုလည်း ပရိသတ်ကိုမျှဝေလာတာပါ။ လိမ္မာပြီးယဉ်ကျေးသိမ်မွေးတဲ့စိုးပြည့်သဇင်လိုသမီးချောလေးတစ်ယောက်ကိုပိုင်ဆိုင်ထားရတာကတော့ တကယ့်ကိုကြည်နူးစရာပါပဲနော်…
Source :SoePyaeThazin

#credit