Knowledge

တန်ဆောင်မုန်းလပြည့်ည ပစ္စည်းခိုးရခြင်း အကြောင်း (ကျီးမနိုးပွဲ)

သူခိုးည ( လုံးဝ )မဟုတ်ပါ

တန်ဆောင်မုန်းလပြည့်ညသည် သူခိုးညလုံးဝမဟုတ်ပါ။ တန်ဆောင်မုန်းလပြည့်ညသည်ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်ပါသည်။

မြတ်စွာဘုရားသည် အဇာတသတ်ရှင်ဘုရင်အား သာမညဖလ သုတ်တော်ကိုဟောတော်မူ၍ ဘုရင်နှင့်တကွ နောက်ပါပြည်သူ ( ၁ ) သိန်းခန့် ဗုဒ္ဓဘာသာဖြစ်တဲ့ညကြီးပါ။

ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဗုဒ္ဓဘာသာနေ့ကြီးကို မသမာသူများက စုပ်ပြတ်အောင်သူခိုးညဆိုပြီး နာမည်တပ်လိုက်တော့ အမှန်တရား ပျောက်ကွယ်သလိုဖြစ်သွားပါတယ်။

လွန်လေပြီးသော ရှေးအခါက ယောက်ကျားသားများရှင်လိင်ပြန်ကြရဝယ် ဆေးမင်ကြောင်ထိုးသည့်ဓလေ့သည် အထင်အရှားရှိခဲ့၏။

ရှင်ဘုရင်မှအစချီကာ မင်းညီမင်းသား၊မှူးမတ်သူကြွယ်၊ ကုန်သည်၊လယ်လုပ်အစချီကာ သူရင်းငှားများစသော လူယောက်ကျားတို့သည်မင်ထိုးကြလေသည်။

ယခုခေတ်ကဲ့သို့ ကြုံသလိုထိုးခြင်း မဟုတ်ချေ။ဆေးမ ှင်ထိုးသည့်အခါ နက္ခတ်ကောင်း၊အခါကောင်း စောင့်ဆိုင်းကာ မှောင်ခန်းခေါ်မှင်ထိုးသည့် အခန်းတွင် ကန်တော့ပွဲပေး၍ ထိုးရသည်။

ထိုသို့ ထိုးခဲ့ပြီးသော ယောက်ကျားတို့သည်တန်ဆောင်မုန်းညနက္ခတ်စုံချိန်တွင် ထိုးထားသည့်ကြောင်တက်ကြောင်ဆင်းဆေးအစောင့်တို့သည်တန်ခိုးပြသည်ဟု အယူရှိသောကြောင့်

အရှင်မသိသောပစ္စည်းကိုခိုးယူကာ ခိုးကွင်း၌ ထားမြဲဖြစ်၏။ထိုးကွင်းဆိုသည်မှာ ခိုးရာပါပစ္စည်းအားဘယ်သူဘယ်ဝါ၏အိမ်မှ ပစ္စည်းဖြစ်ကြောင်းခိုးကွင်းတွင် စာကပ်၍ ထားကြသည်။

ထိုသို့ခိုးရာတွင် အသက်ရှိသောအရာကိုခိုးယူနိုင်စွမ်းသောသူသည် လူစွမ်းကောင်းဖြစ်လေသည်။ ရှေးအခါက နွားများနှင့် လူအိပ်နေသောကုတင်ကို လူမနှိုးအောင် ထမ်း၍ခိုးကွင်း၌လာထားကြသည်။

မနက်မိုးလင်းသောအခါပစ္စည်းရှင်များကသင်္ကန်းအစုံဖြင့် မိမိတို့ပစ္စည်းကို လာရွေးယူကြပြီး ကထိန်ပွဲကို ဆင်နွဲရသည်။ ပစ္စည်းခိုး၍ လူမိသောအခါတွင် ထိုသူကိုဖမ်း၍ခိုးကွင်းတွင် ကတုံးတုံးကာ ပြာလူး၍ ထားကြသည်။

ကထိန်ပွဲတွင် ထိုခိုးသားကို ရွာသူကြီးကတရားသူကြီးလုပ်ကာ တရားဆိုင်ခန်းဖြင့်ဟာသလုပ်ကြပြီး ရဟန်းဝတ်စေမြဲဖြစ်သည်။

ဒီဘက်ခေတ်ရောက်လာတော့တန်ဘိုးရှိပစ္စည်းတွေကို တကယ် ခိုးလာကြတယ်။ လမ်းတွေပေါ်မှာ ကျက်သရေမင်္ဂလာမရှိအောင် ရုပ်ပျက် ဆင်းပျက် ဆိုင်းဘုတ်တွေ ဖြုတ်ချ ၊

အရက် ဘီယာ အစားအသောက်တွေပလူပျံအောင် ပြန့်ကျဲနေတယ်။ အပျော်ကနေ အပျက်ဘက်ကို ဦးတည်လာကြတယ်။

အမှန်တရားကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ သိစေချင်၍ရည်ရွယ်ရင်း

#credit