Celebrities

နာရီဝက်အတွင်း ကားအစီးရေ15စီးရောင်းလိုက်ရတဲ့အတွက် ပီတိဖြစ်ခဲ့ရတဲ့ ထက်ထက်မိုးဦး

ထက်ထက်မိုးဦးကတော့ တစ်ခတ်တခါက ကြော်ငြာမင်းသမီးလေးလို့တင်စားရလောက်အောင်ကို နာမည်ကျော်ခဲ့တာပါ။ သူမဟာသရုပ်ဆောင်ပိုင်းမှာလည်း

ထူးချွန်တဲ့သူဖြစ်တာကြောင့် ပန်းသခင်ရုပ်ရှင်ကားကြီးဖြင့် အမျိုးသမီးဇာတ်ဆောင်ဆုတစ်ကြိမ်၊ သမီးမိုက်ရုပ်ရှင်ကားကြီးဖြင့်လည်း နောက်ထပ်အမျိုးသမီးဇာတ်ဆောင်ဆုကြီးကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်နော်။ထက်ထက်မိုးဦးဟာလည်း

အရွယ်တင်နုပျိုနေဆဲဖြစ်ပြီးတော့ ငယ်ရုပ်လေးမပျောက်သေးပဲချစ်စရာကောင်းနေတာပါနော်။ ထက်ထက်မိုးဦးကတော့ ယခုအခါမှာအနုပညာလုပ်ကိုင်မှုနည်းသွားခဲ့ပေမယ့် ကျောက်မျက်ရတနာတွေ Live salesလုပ်ပြီးရောင်းချနေတာဖြစ်သလိ

ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို အပြည့်အဝရရှိနေတာပါ။မကြာသေးမီကတော့ ထက်ထက်ဟာသူမရဲ့ Facebookစာမျက်နှာမှာ ဒီနေ့လေ အရမ်းပျော်တာပဲ မနက်က ထက် ဆေးစစ်ပြီး အလုပ်နေရာကိုသွားရတာ

စိတ်ထဲမှာတော့ ငါအဆင်ပြေပါ့မလားဆိုတဲ့ စိတ်နဲ့ သွားရတာ။ ဒါပေမယ့်လည်း အားလုံးအဆင်ပြေအောင် ကြိုးစားခဲ့တယ်။ မိနစ် ၃၀ အတွင်းမှာတင် ကား ၁၅ စီးရောင်းရပြီး နောက်ဆုံးစာရင်းချုပ်မှာ ကားအစီး ၅၀ တောင် ရောင်းရတော့

နေမကောင်းတဲ့စိတ်တောင် ဘယ်ရောက်သွားမြန်းမသိအောင် ပျော်ရွှင်ရတယ်။ တကယ် ဘယ်လိုမှ ထင်မှတ်ထားဘူး ဒီလောက်ထိရောင်းရမယ်လို့ ဝယ်ယူသူတွေကလည်း

ထက်ကိုချစ်လို့ဝယ်တာ ထက်နဲ့ BAIC ကို ယုံကြည်လို့ ဝယ်တာဆိုပြီးပြောကြတော့ ပိုပိုပြီး ဝမ်းသာရတယ်။ ချစ်ရသူတွေအတွက် ထက်လည်း ဒီထက်အများကြီး ကြိုးစားနေဦးမှာပါ ဆိုပြီးရေးသားမျှဝေလာပါတယ်နော်။

#credit