Celebrities

“We love Yangon ” အဖွဲ့ရဲ့ အမှိုက်နဲ့ စားနပ်ရိက္ခာ လှဲလှယ်တဲ့ အစီအစဉ်မှာ လုပ်အားပေးအဖြစ် ပါဝင်အားဖြည့်ခဲ့တဲ့ ခိုင်နှင်းဝေ

ပရဟိတအလုပ်တွေဆိုရင် လက်မနှေးတတ်တဲ့ ခိုင်နှင်းဝေကတော့ ဒီတစ်ခေါက်မှာလည်း We Love Yangon အဖွဲ့ရဲ့ အမှိုက်နဲ့ စားနပ်ရိက္ခာလဲလှယ်တဲ့ အစီအစဉ်မှာ လုပ်အားပေးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ကလေးတွေရဲ့အနာဂတ်အတွက်လည်း အများကြီးကြိုးစားသလို လိုအပ်တဲ့နေရာတွေမှာလည်း ကူညီပေးတဲ့အပြင် ဒီလိုပရဟိတလေးတွေလည်းလုပ်တာမို့ သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေက ပိုမိုများပြားလာခဲ့ပါတယ်။

ချစ်စရာသမီးလေးရွှန်းရွှန်းဟာလည်း မေမေ့ခြေရာနင်းမယ့် မင်းသမီးလေးအဖြစ်နဲ့ အခုကတည်းက အိုက်တင်တွေကျင့်နေခဲ့ပါပြီ။ မေမေကလည်း ဒီသမီးလေးကိုကြည့်ပြီး ပင်ပန်းသမျှအကုန်ပြေပျောက်နေခဲ့ရပါတယ်။ ကိုယ်ကျိုးစွန့်ပြီးလုပ်ရတဲ့ ပရဟိတအလုပ် တွေမှာလည်း စွမ်းစွမ်းတမံကြိုးစားနေသူတစ်ယောက်ပါ။

လုပ်အားပေးနေတဲ့ ပုံရိပ်တွေကို ” “We love yangon ” အဖွဲ့ရဲ့အမှိုက်နဲ့ စားနပ်ရိက္ခာ လှဲလှယ်တဲ့ အစီအစဉ်မှာ လုပ်အားပေးနေပါ တယ်ရှင် ကျမချစ်တဲ့ ရန်ကုန်မြို့ကြီး သန့်ရှင်းလှပပြီး စားနပ်ရိက္ခာလဲရမှာမို့ ကျမ တက်တက်ကြွကြွ လုပ်အားပေးဖြစ်ပါတယ်ရှင်. ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ သာဓုပါ ကလေးတို့မေမေရေ။

#credit