Celebrities

မြင့်မြတ် ကေညီတို့နဲ့အတူ အခွီကကွက်ဆန်းတွေ မျိုးစုံကပြကာ မျက်နှာပြောင်ထားတဲ့ ခေးဆက်သွင်ရဲ့ ဗီဒီယိုဖိုင်လေး

ခေးဆက်သွင်ကတော့ MRTV 4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်လျက်ရှိနေခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ မင်းသမီးချောလေးတစ်ယောက်ပါပဲနော်။ ကျရာနေရာမှာ အကောင်းဆုံးသရုပ်ဆောင်လျက်ရှိနေတဲ့ သူမကတော့ ဇာတ်လမ်းတွဲတွေကိုလည်း ရိုက်ကူးလျက်ရှိနေပါတယ်။ 

အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတဲ့ သူမကတော့ ကြော်ငြာတွေများစွာ ရိုက်ကူးနေတာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့အပြင် ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိပါတယ်။

သူမကတော့ လတ်တလောမှာ stay home ရင်း ပရိသတ်တွေ ရယ်မောအပန်းပြေစေရန် ဟာသဗီဒီယိုလေးတွေကိုဖော်ပြပေးလေ့ရှိရာ အခုလည်း ကြော်ငြာရူတင်လေးမှာ မြင့်မြတ် ကေညီတို့နဲ့ဆုံတုန်းခဏလေးမှာ အခွီကကွက်ဆန်းတွေနဲ့ မျိုးစုံကပြထားတဲ့ ဗီဒီယိုလေးကိုဖော်ပြထားတာဖြစ်ပါတယ် ။ဗီဒီယိုလေးကြည့်ပြီး ရယ်မောအပန်းပြေရသလို အကုန်ချစ်စရာကောင်းနေတာကြောင့် ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါရစေ  

#credit