Celebrities

ရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပတဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ဆုရရှိခဲ့ပြန်တဲ့ နို့ဘီလူးရုပ်ရှင်ဇာတ်ကားကြီး

ပရိသတ်တွေကြိုက်နှစ်သက်ခဲ့တဲ့နို့ဘီလူးရုပ်ရှင်ဇာတ်ကားကြီးကတော့ နိုင်ငံတကာရုပ်ရှင်ပွဲတွေတွေမှာ ဆုတွေတစ်ဆုပြီးတစ်ဆုရရှိနေတာပါ။ ဒီဇာတ်ကားကြီးကိုတော့ (၂၀၁၉)ခုနှစ်မတ်လမှာရုံတင်ခဲ့တာဖြစ်ပြီး လူမင်းကိုယ်တိုင်ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့သလို ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ဇာတ်ကားကောင်းလည်း ဖြစ်ပါတယ်။

ဒီဇာတ်ကားကြီးကတော့ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာဆုတွေရရှိခဲ့ပြီး အခုလည်း ဒါရိုက်တာဆုကို ထပ်မံဆွတ်ခူးနိုင်ခဲ့ ပြန်ပါတယ်။ အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်တဲ့ နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကြီးဟာ ရုရှားနိုင်ငံ မော်စကိုမြို့တော်တွင် ကျင်းပသော နိုင်ငံတကာရုပ်ရှင်ပွဲတော်ဖြစ်တဲ့ 6th Year “ Eurasia International Monthly Film Festival “ (October 2020) Competition တွင် Best Director Winner အကောင်းဆုံးဒါရိုက်တာဆုရှင် အဖြစ် လူမင်း အား ရွေးချယ်ချီးမြှင့်ခံရပါတယ်။ 2021 တွင် မော်စကို၌ ထပ်မံကျင်းပမယ့် Eurasia Festival live screening event ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက်လည်း ဆန်ကာတင် Nominee အဖြစ် ဆက်လက်ရွေးချယ်ခံထားရပါတယ်။

ယခု ရုရှားနိုင်ငံတွင် ရရှိခဲ့သောဆုမှာ နိုင်ငံတကာမှရုပ်ရှင်ကားများစွာနှင့် ယှဉ်ပြိုင်ပြီး ဂုဏ်ယူစွာဖြင့် ရရှိခဲ့သော နို့ဘီလူးရုပ်ရှင်အတွက် တတိယအကြိမ်မြောက် ဆုဖြစ်ပါသည်။ ဒီဇာတ်ကားဟာ ဘူတန်နိုင်ငံတွင် ထူးချွန်ဆု လေးဆု ရရှိခဲ့သည့်အပြင် အိန္ဒိယနိုင်ငံတွင်လည်း ထူးချွန်ဆု ငါးဆု ရရှိခဲ့ပြီး ဖြစ်ပါတယ်။ တကယ့်ကိုဂုဏ်ယူစရာပါပဲနော်…
Source : နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကြီး The Milk Ogre Film

#credit