Celebrities

Snare အဖွဲ့နဲ့ အမှတ်တရတွေကို Rap Game (၁၀) နှစ်ပြည့်တဲ့အချိန်မှာ ပြန်လည်ပြောပြခဲ့တဲ့ စိုင်းစိုင်းခမ်းလိုင်

မြန်မာနိုင်ငံရဲ့နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလိုင်ကတော့ အနုပညာအရည်အချင်းအပြည့်ရှိသလို ပရိသတ်တွေရဲ့အချစ်တွေကိုနှစ်ပေါင်းများစွာသိမ်းပိုက်ထားနိုင်တဲ့သူတစ်ယောက်ပါ။ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး လူမှုဆက်ဆံရေးအထူးကောင်းမွန်တဲ့သူတစ်ယောက်ရယ်လို့လည်း သတ်မှတ်ခြင်းခံရတာပါ။

စိုင်းစိုင်းကတော့ Snareအဖွဲ့နဲ့စတင်တွေ့ဆုံခဲ့တဲ့အကြောင်းကို Rap Game ၁၀ နှစ်ပြည့်တဲ့အချိန်မှာပြောပြလာတာပါ။ သူ့ရဲ့ဖေ့ဘွတ်ခ်မှ ာ” နေဝင်းကို ပထမဆုံးတွေ့ဖူးတာက Strand Hotel ပွဲ တစ်ခုရဲ့ အနောက်ဘက်လှေကားမှာ ကျနော့်ကို ဘုကြည့်ကြည့်နေတာပဲ သူတော့မှတ်မိမယ်မထင်ဘူး ဖြိုးလေးကိုတော့ မိုးမိုးရဲ့ ဧရာဝတီလမ်းအိမ်မှာ သူတို့ မုံရွာသား Rapper ဆိုပြီး မိတ်ဆက်ပေးတာ နောက်တော့ ကျနော်သရုပ်ဆောင်တဲ့ သိကြားမင်း.com ရုပ်ရှင်ရိုက်ကွင်းမှာ Snare တဖွဲ့လုံးနဲ့ စပြီးခင်ပါတယ်” ဆိုပြီးတော့ ရေးသားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေအတူလုပ်ဖြစ်ခဲ့ပြီး အခုလိုမျိုးအောင်မြင်တဲ့အခြေအနေတွေအထိရောက်လာခဲ့တဲ့အကြောင်းကိုလည်း “2010 မှာ Snare debut Rap Game အခွေ Frenzo Production ကနေထွက်လာပါတယ်.. ပွဲရှင်ကလည်း အခွေမထွက်မချင်းမငှါးဘူးဗျ အေးလေ သူက ပွဲသွင်းပါတယ်ဆိုမှ နာမည်မရသေးရင် ဘယ်ငှါးမလဲ ကျနော်လည်း စင်ပေါ်မှာ Snare ကို မိတ်ဆက်ဖို့လိုတယ်ပေါ့ မင်းတို့ထဲ ငါ Featuring ဝင်ဆိုမယ် ဒါဆိုအတူတူ ဆိုလို့ရပြီပေါ့ အဲဒါ ဒိန်းဂျား သီချင်းပေါ့ အဲဒီကစပြီး ညီအစ်ကိုလို ဆိုးတိုင်ပင်ကောင်းတိုင်ပင်ပေါင်းလာတာ အခု Rap Game ၁၀ နှစ်ပြည့်ပြီတဲ့ Rap Game ၁၀ နှစ်ပြည့်ပွဲလည်းလုပ်မယ်တဲ့ Hip Hop Virtual Concert တဲ့ ဒီလ ၂၉ / ၃၀ Facebook မှာ ပြမှာတဲ့ လုပ်ကွာ သားရီးတို့ မိုက်တယ်ချ” ဆိုပြီး ရေးသားလာတာပါ။

စိုင်းစိုင်းအပါအဝင် Snare အဖွဲ့ဝင်တွေလည်း Frenzo အဖွဲ့အနေနဲ့ နှစ်ပေါင်းများစွာ ပရိသတ်တွေရဲ့အချစ်တွေနဲ့အတူ အောင်မြင်မှုများစွာဆက်လက်သိမ်းပိုက်ထားစေဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Source : SaiSaiKhamLeng

#credit