Celebrities

အသက်(၃၂)နှစ်ပြည့်မွေးနေ့လေးမှာ မိသားစုနဲ့ ဆွမ်းကပ်ခဲ့တဲ့ ရေမွန်

ရေမွန်ကတော့ မြန်မာနိုင်ငံရဲ့ Rock ဂီတ ရေစီးကြောင်းမှာ အောင်မြင်နေတဲ့ လူငယ်တေးသံရှင်တစ်ယောက်ဖြစ်ပါတယ် ။ ဝါသနာပါတဲ့ ဂီတအလုပ်ကို လုပ်ကိုင်ရင်း မိသားစုကို အချိန်ပေးနေတဲ့ ရေမွန်တစ်ယောက်ကတော့ ပရိသတ်တွေအတွက်လည်း ဆက်လက်ကြိုးစားနေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ဒီနေ့ နိုဝင်ဘာလ (၂၆)ရက်နေ့ကတော့ ပရိသတ်အချစ်တော် ရေမွန်ရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။

ဒီနေ့မှာကျရောက်တဲ့ ရေမွန်ရဲ့ မွေးနေ့ကတော့ အသက် (၃၂)နှစ်ပြည့်မွေးနေ့လေးဖြစ်တယ်လို့လည်းသိရပါတယ် ။ လူငယ် ဆိုပေမယ့်လည်း သူ့ရဲ့ မွေးနေ့အလှူလေးအဖြစ် မိသားစုနဲ့အတူ အိမ်မှာ သံင်္ဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ် ။ မွေးနေ့မှာ ခင်မင်ရတဲ့ သူငယ်ချင်းအချို့ အိမ်မှာ ဆွမ်းကပ်လှူဒါန်းခဲ့တဲ့ ပုံရိပ်အချို့ကိုလည်း ပရိသတ်တွေကို ဝေမျှပေးလာခဲ့ပါသေးတယ် ။

ပရိသတ်တွေနဲ့ အနုပညာညီအစ်ကိုမောင်နှမတွေကလည် ရေမွန်ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းတွေ အများကြီး ပေးခဲ့ကြပါတယ် ။ Happy Birthday ပါရေမွန်ရေ .. အနုပညာလောကမှာ ဒီထက်မက အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါစေလို့ Cele Gabar ကလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

#credit