Celebrities

အမာခံပရိသတ်တွေနဲ့အတူတူစုပေါင်းပြီး ကထိန်အလှူ ရေစက်ချပွဲမှာ ငွေကျပ်သိန်း (၁၇၀) ကျော် လှူဒါန်းခဲ့တဲ့ ဖြိုးမြတ်အောင်

ဧရာဝတီတိုင်း ဟင်္သာတမြို့လေးကနေတဆင့် အဆိုတော်တစ်ယောက်ဖြစ်ဖို့ ရည်မှန်းချက်တွေနဲ့ ရန်ကုန်ကိုတက်လာခဲ့တဲ့ ဖြိုးမြတ်အောင်ကတော့ Myanmar Idol Season (3) ပြိုင်ပွဲကြီးမှာ Winner ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပြီး သူလျှောက်ချင်တဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ကတော့ အဆိုတော်တစ်ယောက်ဖြစ်သွားချိန်မှာ ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ သီချင်းသစ်တွေကို ချပြခဲ့သလို ဘာသာရေးနဲ့ ကုသိုလ်ရေးကိုလည်း ပိုမိုအာရုံစိုက် လုပ်ကိုင်လာတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဖြိုးမြတ်အောင်က သူ့ရဲ့ PMA Family နဲ့အတူတူ စုပေါင်း ဘုံကထိန်ပြုလုပ်ခဲ့ကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

ဖြိုးမြတ်အောင်က ” တောင်ညိုလေး ကထိန်အလှူ ရေစက်ချမင်္ဂလာ.. ကျွန်တော်တို့ မိသားစုအပါအဝင် ခုနစ်ရက်သားသမီးမိသားစု၊ PMA Family မိသားစုအားလုံး၏ စုပေါင်းလှူဒါန်းငွေကျပ်သိန်းပေါင်း – 17,170,000 ( တစ်ရာခုနှစ်ဆယ့်တစ်သိန်းခုနှစ်သောင်း) ကျပ်ကိုလှူဒါန်းနိုင်ခဲ့ပါပြီ။ အားလုံးပဲ ကပ်ရောဂါများ၊ သဘာဝဘေးများမှကင်းဝေးကြပြီး မဂ်ဖိုလ် နိဗ္ဗာန် အထောက်ပံ့ရကြပါစေ ???” ဆိုပြီး သူ့ရဲ့ ကုသိုလ်လေးကို ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ပြောပြလာပါတယ်။

ဖြိုးမြတ်အောင်ကတော့ PMA Family နဲ့အတူတူ စုပေါင်းပြီး ကထိန်အလှူ ရေစက်ချပွဲမှာ ငွေသိန်းပေါင်း (၁၇၀) ကျော်ကို လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြိုးမြတ်အောင်ရဲ့ ကုသိုလ်အလှူလေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။


#credit