International News

အာဂျင်တီးနား ဂန္ထဝင် ဘောလုံးကြယ်ပွင့်ကြီး မာရာဒိုနာ ကွယ်လွန်

ကမ္ဘာ့ဘောလုံးလောကရဲ့ ဂန္ထဝင်ဘောလုံးသမားကြီး မာရာဒိုနာဟာ အသက် (၆၀) အရွယ်မှာ ကွယ်လွန်သွားပါတယ်။

အာဂျင်တီးနားနိုင်ငံ လက်ရွေးစင်လည်းဖြစ်၊ နည်းပြ‌‌ဟောင်းလည်းဖြစ်တဲ့ သူဟာ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီစ်မြို့က သူ့နေအိမ်မှာ နှလုံးရောဂါ ခံစားနေခဲ့ရတာ ဖြစ်ပါတယ်။

သူက ဦးနှောက်သွေးခဲလို့ နိုဝင်ဘာလက ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး ခွဲစိတ်မှု အောင်မြင်ခဲ့ပါတယ်။ မာရာဒိုနာဟာ အရက်စွဲတဲ့ပြဿနာကိုလည်း ကုသမှုခံနေရပါတယ်။

မာရာဒိုနာဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ အတူ ၁၉၈၆ မှာ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ပြီး အင်္ဂလန်အသင်းနဲ့ ကွာတားဖိုင်နယ် ပွဲစဥ်မှာ” ဘုရားပေးသောလက် “ဆိုပြီး လက်နဲ့ ပုတ်သွင်းခဲ့တဲ့ အငြင်းပွားဖွယ် အနိုင်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ကလပ် ကစားသမားဘဝမှာ စပိန်က ဘာစီလိုနာ နဲ့ အီတလီက နာပိုလီတို့မှာ ကစားခဲ့ပြီး အီတလီမှာ ကစားစဥ်စီးရီးအေ ချန်ပီယံဆု နှစ်ကြိမ် ရရှိခဲ့ပါတယ်။

မာရာဒိုနာဟာ အာဂျင်တီးနားနိုင်ငံ အသင်းအတွက် ၉၁ ပွဲကစားပြီး ၃၄ ဂိုးသွင်းကာ ကမ္ဘာ့ဖလားပြိုင်ပွဲ လေးကြိမ် ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။

News 2
အာဂျင်တီးနား ဂန္ထဝင် ဘောလုံးကြယ်ပွင့်ကြီး မာရာဒိုနာ ကွယ်လွန်

အာဂျင်တီးနား ဂန္ထဝင် ဘောလုံးသမားဟောင်းကြီး ဒီယေဂို မာရာဒိုနာဟာ အသက် ၆၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၅ ရက်မှာ မာရာဒိုနာ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းကို မိသားစုက အတည်ပြု ကြေညာခဲ့ပါတယ်။ မာရာဒိုနာဟာ ဗျူနိုအေးရိစ် မြို့မှာရှိတဲ့ နေအိမ်မှာ နှလုံးဖောက်တဲ့ ဝေဒနာ ခံစားရပြီး ကွယ်လွန်သွားတာလို့ သိရပါတယ်။

မာရာဒိုနာဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ကျန်းမာရေး ပြဿနာတွေနဲ့ ဆက်တိုက် ကြုံတွေ့ခဲ့ရပါတယ်။ သူဟာ မကြာသေးခင်ကမှ ဦးနှောက်သွေးခွဲမှုကြောင့် ခွဲစိတ်မှု ခံယူထားရပါသေးတယ်။ အဲဒီ ခွဲစိတ်မှုကတော့ အလုံးစုံ ချောချောမွေ့မွေ့ အောင်မြင်ခဲ့တယ်လို့ မာရာဒိုနာရဲ့ ဆရာဝန်က ပြောကြားခဲ့ဖူးပါတယ်။

မာရာဒိုနာဟာ အာဂျင်တီးနား ဘောလုံးပရိသတ်တွေရဲ့ ခြွင်းချက်မရှိ သူရဲကောင်းလို့ သတ်မှတ် ခံရသူပါ။ သူဟာ ကစားသမား ဘဝမှာ အာဂျင်တီးနား အသင်းကို ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်စေခဲ့ပြီး လက်ရွေးစင် အသင်းရဲ့ နည်းပြအဖြစ်လည်း တာဝန်ယူခဲ့ဖူးပါတယ်။ ပြီးတော့ ပီလီလိုပဲ ကမ္ဘာ့ဘောလုံးလောကရဲ့ အထူးချွန်ဆုံး ကစားသမား တစ်ဦးအဖြစ်လည်း တင်စားသတ်မှတ် ခံခဲ့ရပါတယ်။

မာရာဒိုနာကို ရုတ်တရက် ဆုံးရှုံးလိုက်ရတဲ့အတွက် ဖြေမဆည်နိုင်အောင် ဝမ်းနည်းမိကြောင်းနဲ့ နိုင်ငံရဲ့ ဂန္ထဝင် ဘောလုံးကြယ်ပွင့်ဟာ အားလုံးရဲ့ နှလုံးသားထဲမှာ ထာဝရ ကိန်းအောင်း တည်ရှိနေမှာဖြစ်ကြောင်း အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

အာဂျင်တီးနား အစိုးရကလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သုံးရက်ကြာ ဝမ်းနည်းကြေကွဲမှု သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။ အာဂျင်တီးနားအတွက် ဖြစ်တည်ပေးခဲ့တာ မှန်သမျှအတွက် မာရာဒိုနာကို ကျေးဇူးတင်နေကြောင်း၊ အားလုံးက ဘဝတလျှောက်လုံး သူ့ကို လွမ်းဆွတ်နေမှာ သေချာကြောင်း အာဂျင်တီးနား သမ္မတ အယ်လ်ဘာတို ဖာနန်ဒက်ဇ်က ပြောကြားခဲ့ပါတယ်။

မာရာဒိုနာဟာ နာပိုလီ အသင်းမှာ ပရော်ဖက်ရှင်နယ်အဖြစ် သွားကစားပြီး စီးရီးအေ ချန်ပီယံဆု နှစ်ကြိမ် ရရှိအောင် ကူညီခဲ့တာကြောင့် အီတလီ ကလပ်အသင်း ပရိသတ်တွေရဲ့ အချစ်တော်လည်း ဖြစ်ခဲ့ပါတယ်။ သူဟာ အာဂျင်တီးနား အသင်းကို ကမ္ဘာ့ဖလား ၄ ကြိမ်မှာ ကိုယ်စားပြုပေးခဲ့ဖူးသလို လက်ရွေးစင် ၉၁ ပွဲကစားပြီး ၃၄ ဂိုးထိ သွင်းယူပေးခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်၊ သူ့ရဲ့ အသက် ၃၇ နှစ်ပြည့် မွေးနေ့မှာတော့ ဘောလုံးသမား ဘဝကနေ အပြီးတိုင် အနားယူခဲ့ပါတယ်။

#credit