Celebrities

ပရိသတ်တွေအရမ်းသဘောတွေ့နေကြတဲ့ ချိုပြုံးနဲ့ ဝင်းခန့်မိုးတို့မြေးအဖွားနှစ်ယောက်ရဲ့ Tik Tok

မြန်မာ့ရုပ်ရှင်လောက မှာ ပါးချိုင့်ချိုချို အပြုံးချိုချိုလေးနဲ့ သဘာဝကျတဲ့ သရုပ်ဆောင် မင်းသမီးကြီး အကယ်ဒမီချိုပြုံးကိုတော့ ပရိသတ်တိုင်းသိမှာပါ ။ သရုပ်ဆောင်ကောင်း လွန်း တဲ့ သူမဟာ အဖြူအမဲရုပ်ရှင် ခေတ်ထဲကအောင်မြင်ကျော်ကြားလာခဲ့တာ အခုဆိုအမေခန်း အဖွားခန်းတွေပါရိုက်နေရဆဲဖြစ်တဲ့ ဝါရင့်မင်းသမီးကြီးတစ်ယောက်လည်း ဖြစ်ပါတယ် ။ အမေချို ကတော့ သူမရဲ့အနုပညာမျိုးဆက်သစ်လေး တစ်ယောက်ကို အနုပညာလောကထဲ ပို့ဆောင်လိုက်ပြီဖြစ်ပါတယ် ။

သူမရဲ့အနုပညာမျိုးဆက်သစ်လေးကတော့ သူမရဲ့အချစ်ရဆုံးမြေးလေး ဝင်းခန့်မိုးဘဲ ဖြစ်ပါတယ် ။ ဝင်းခန့်မိုးက သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေကို အမြဲမျှဝေပေးလေ့ရှိပြီး လရောင်အောက်က မိုင်အဝေး ဇာတ်ကားမှာလည်း အကယ်ဒမီ အိန္ဒြာကျော်ဇင်နဲ့အတူ ပါဝင်ထားပါသေးတယ် ။ လတ်တလောမှာတော့ ဝင်းခန့်မိုးတစ်ယောက် အဖွားဖြစ်သူ ချိုပြုံးနဲ့ရိုက်ကူးထားတဲ့ Tik Tok Video လေးကို ပရိသတ်တွေကို ဝေမျှပေးလာခဲ့ပါတယ် ။

ပရိသတ်တွေကတော့ သူတို့မြေးအဖွားနှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ TIK TOK လေးကို ပရိသတ်တွေက အတော်လေး သဘောကျနေကြပြီး မြေးအဖွားနှစ်ယောက်လုံးကို အရမ်းကိုချစ်ကြတဲ့အကြောင်း မှတ်ချက်လေးတွေရေးသားခဲ့ကြပါတယ် ။ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက်လည်း ချိုပြုံးနဲ့ ဝင်းခန့်မိုးတို့ရဲ့ Tik Tok လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

#credit