Celebrities

မုန့်ဟင်းခါး ပွဲ ၆၀ မှာချင်လို့ဆိုပြီး လိမ်လည်ပိုက်ဆံတောင်းခံလိုက်ရတဲ့ ဇာတ်ပို့သရုပ်ဆောင် အေးသီတာ

ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ ဇာတ်ပို့ သရုပ်ဆောင်အဖြစ် အေးသီတာကတော့ ကိုဗစ်ကာလမှာ မုန့်ဟင်းခါး အော်ဒါများကို ရောင်းချနေခဲ့တာပါ ။ လတ်တလေမှာတော့ မုန့်ဟင်းခါး ပွဲ ၆၀ မှာချင်လို့ဆိုပြီး ဆက်သွယ်လာခဲ့တဲ့ သူတစ်ယောက်အကြောင်းကို ပြောပြလာခဲပါတယ် ။ ဖုန်းဆက်ပြီး အစ်မရေ အလှူလေးတစ်ခု ထည့်ပေးပါဦ းဆိုတော့ အေးသီတာက ချက်ချင်းပဲ ၁သောင်းလှူမယ်လို့ပြောလိုက်မိတယ် လို့ ဆိုပါတယ် ။

အဲ့လိုနဲ့ ပွဲ ၆၀ အတွက် လိပ်စာကို ပို့ပေးပါဆိုတာ ဟင်းချက်တဲ့နေ့အထိ မပို့လာတဲ့အပြင် ဖုန်းလဲဆက်မရနဲ့ဆိုတော့ မယူဖြစ်ဘူးလို့ထင်ပြီး သွားမပို့ဘဲထားခဲ့ပေမယ့် နောက်ရက်ကျတော့ ဖုန်းထပ်လာပြီး သူစိုက်ထားတဲ့ အလှူငွေ တစ်သောင်းကို လွှဲပေးပါ ဆိုပြီးပြောလာခဲ့တယ်လို့ ဆိုပါတယ် ။ ဒါ့ကြောင့် အေးသီတာက ” ညီမကို လှူတယ်ဆိုတာက မုန့်ဟင်းခါးလာပို့ရင်းနဲ့ ရတဲ့ပိုက်ဆံထဲက လှူမယ်လို့ပြောထားတာလေလို့ အဲ့လိုဆိုလဲ မုန့်ဟင်းခါးမှာတဲ့ ပွဲ ၆၀ ဖိုးလွှဲလိုက် လွှဲတဲ့ထဲက တစ်သောင်းဖြတ်ယူလိုက်လေဆိုလည်း  မရဘူး ၊ အဖွဲ့အစည်းနဲ့ လုပ်ထားမို့ အဲ့လိုလဲမရဘူးလို့ ပြန်ပြောလာတဲ့အတွက်ခင်ပွန်းဖြစ်သူက ” ဘာအကြောင်းနဲ့ဖြစ်ဖြစ်ငွေလွှဲမပေးနိုင်းဘူး ” လို့ ဖုန်းယူပြောမှ ရပ်သွားတော့တယ် လို့ သူမရဲ့ အတွေ့အကြုံလေးကို ပရိသတ်တွေကို ဝေမျှပေးခဲ့တာပါ ။

အေးသီတာက သူမဟာ ချမ်းသာတဲ့ထဲလည်း မပါတဲ့အတွက် ပိုက်ဆံမရှိရင် ရိုးရိုးသားသားတောင်းပါ သူမ တတ်နိုင်သလောက် ကူညီပါ့မယ် လူအချင်းချင်း လှည့်ပတ်ခြင်းကင်းဝေးကြပါစေ .. လို့လည်း လူလိမ်တွေကိုရေးသားဖော်ပြခဲ့ပါသေးတယ် ။ ပရိသတ်ကြီးလည်း အခုလို အလိမ်အညာတွေ နဲ့ မကြုံရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

#credit