Celebrities

မိန်းမတစ်ယောက်ရဲ့ အလှဟာ အရေပြားပေါ်မှာမဟုတ်ဘဲ နှလုံးထဲမှာပဲ တည်ရှိတယ်ဆိုတဲ့ ခွန်းဆင့်နေခြည်

ပရိသတ်ကြီးရေ သရုပ်ဆောင် ခွန်းဆင့်နေခြည်ကတော့ သူမရဲ့ ပရိသတ် ညီမလေးအတွက်စကားလက်ဆောင် လေးတစ်ခုပါးလာခဲ့ပါတယ် ။ အရမ်းလှတဲ့မိန်းမပျိုလေးတစ်ယောက်ရဲ့ အလှတရားဟာဘယ်နှစ်နှစ်ခံမှာတဲ့လဲချောပါတယ် လှပါတယ် ဆိုသူများလည်းတဖြေးဖြေးကြည့်ရင်းကြည့်ရင်းနဲ့အိုလာကြတယ် အလှတရားတွေလျော့ရဲလာကြတယ်မဟုတ်လား လို့ ညီမအရွယ်မိန်းကလေး ပရိသတ်တွေကို မေးခွန်းထုတ်ခဲ့ပါတယ် ။

ဒါ့ကြောင့်အလှဂုဏ်မောက်ပြီးအောက်ခြေလွတ် နေကြသူတွေကိုတွေ့ရင် သနားပေးလိုက်ဖို့နဲ့ ရုပ်ရည်ရူပကာကိုပြိုင်ဆိုင်ခြင်းထက် အရည်အချင်းကိုသာပြိုင်ဆိုင်ပြီး အရည်အချင်းရှိအောင်လုပ်ပြဖို့ ၊ မိမိအရည်အသွေးကို မြှင့်တင်တတ်ဖို့ကိုသာ ဦးတည်ပြီး ကြိုးစားပြဖို့အတွက် ညီမငယ်လေးတွေကို အကြံဉာဏ်တွေပေးခဲ့တာပဲဖြစ်ပါတယ် ။ လူတစ်ယောက်ရဲ့အလှတရားဟာ အရေပြားပေါ်မှာမတည်ပါဘူး နှလုံးသားထဲမှာဘဲတည်တာပါ လို့လည်း သူမရဲ့အမြင်လေးကို ဖော်ထုတ်ရေးသားခဲ့ပါသေးတယ် ။

နှလုံးသားလှလှလေးနဲ့ အရည်အသွေးပြည့်မှီတဲ့ မိန်းမငယ်လေးမှသည် တည်ငြိမ်ရင့်ကျက်ပြီး အရည်အချင်းတွေပြည့်လျှံနေတဲ့ ဂုဏ်သရေရှိ အမျိုးသမီးတစ်ယောက်ဖြစ်အောင်ကြိုးစားပြလိုက်ပါ ညီမငယ် လေး တို့ဆိုတဲ့စာသားလေးနဲ့အတူ မိန်းကလေး တစ်ယောက်ရဲ့ အလှတရားနဲ့ ကြိုးစားအားထုတ်မှုအကြောင်းအရာတွေကို ခွန်းဆင့်က အသိပညာပေး ရေးသားခဲ့တာပဲဖြစ်ပါတယ် ။

#credit