Celebrities

(၁၅) နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ ရတနာခင်တို့ဇနီးမောင်နှံ

ရတနာခင်ကတော့ တစ်ချိန်ကနာမည်ရအောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်တာကြောင့်ပရိသတ်တွေသိကြမှာပါ။ လက်ရှိမှာတော့ အနုပညာအလုပ်တွေမလုပ်တော့ပေမဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိနေဆဲပါ။ ရတနာခင်ကတော့ ကိုယ်ပိုင်မိသားစုဘဝလေးကိုတည်ဆောက်ထားပြီး မိသားစုနဲ့အတူ အလှူအတန်းတွေလည်း မကြာခဏပြုလုပ်လေ့ရှိတာကိုတွေ့ရမှာပါ။

အခုဆိုရင် သူတို့စုံတွဲရဲ့(၁၅) နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်နေ့ရက်လေးကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီလိုနေ့လေးမှာတော့ အလှူဒါနပြုလုပ်ခဲ့တာကိုလည်း ကြည်နူးဖွယ်ရာတွေ့ရပါတယ်။ အဲ့ဒီအကြောင်းကိုလည်း ပရိသတ်တွေသိအောင် “15 years Anniversary (25.11.2020) ဒီနှစ်မှာ မင်္ဂလာနှစ်ပတ်လည်အမှတ်တရလေး ဖြစ်အောင် မဟာမြိုင်တောရ မှာဆောက်လုပ်နေတဲ့ ဇီဝိတဒါနသံဃာ့ဆေးရုံအတွက် အလှူတခု ပြုခဲ့ပါတယ်” ဆိုပြီးတော့ ဖေ့ဘွတ်ခ်မှာ မျှဝေရေးသားဖော်ပြလာပါတယ်။

ရတနာခင်ကတော့ချစ်ရတဲ့မိသားစုအတွက်အချိန်တွေပေးရင်း ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်။ အခုဆိုရင်(၁၅) နှစ်တိုင်အောင်အတူတူဖြတ်သန်းလာခဲ့တာဟာ တကယ့်ကိုကြည်နူးပျော်ရွှင်စရာပါပဲနော်…
Source : YadanarKhin

#credit