Celebrities

သားအကြီးဆုံးရဲ့မွေးနေ့မှာ မိသားစုတွေအားလုံးစုပြီး Surprise လုပ်ပေးခဲ့တဲ့ ခင်လှိုင်ရဲ့ဗီဒီယို

ချစ်ဇနီးကိုလည်းသိပ်ချစ်သလို သားသမီးတွေကိုလည်း တန်ဖိုးထားပြီးချစ်ခင်တတ်တဲ့ ဖခင်ကောင်းခင်လှိုင်ဟာ အိမ်ထောင်ကျသွား ပြီဖြစ်တဲ့ သားအကြီးဆုံးရဲ့မွေးနေ့မှာ ကလေးတစ်ယောက်လိုပဲ ညဖက်ကြီး surprise လက်ဆောင်တွေနဲ့ ပျော်ရွှင်အောင် ဖန်တီးပေး ခဲ့ပါတယ်။ အိမ်ထောင်တွေကျနေတာတောင် မိဘရဲ့အမြင်မှာတော့ အမြဲတမ်းကလေးတစ်ယောက်လိုက်ပါပဲ။

သားသမီးသုံးယောက်လုံးကို ရင်အုပ်မကွာစောင့်ရှောက်ပြီး ချစ်ဇနီးလေးကိုလည်း တန်ဖိုးထားပြီးချစ်ခင်တတ်သူတစ်ယောက်ပါ။ အနုပညာအလုပ်တွေကို ငယ်စဉ်ကတည်းက လုပ်လာခဲ့ပြီး လက်ရှိမှာတော့ ဒါရိုက်တာတစ်ယောက်အဖြစ် ခြေလှမ်းစနေပြီပဲ ဖြစ်ပါတယ်။  သားအလတ်နဲ့ သမီးအငယ်လေးဟာလည်း ဖခင်ခြေရာကိုအပြည့်အဝနင်းကြမယ့်သူတွေအဖြစ် အနုပညာလောကထဲ ကို ရောက်ရှိလာခဲ့ပါပြီ။

သားကြီးရဲ့မွေးနေ့အမှတ်တရဗီဒီယိုလေးတွေကို ” သားကြီး ကိုဖြိုးရဲ့မွေးနေ့အကြိုလေးပါ စိတ်ထားဖြူစင်ရိုးရှင်းပြီး မိသားစုအားလုံးကိုအလွန်ချစ်တတ်သော ဖေဖေ မေမေတို့ရဲ့သားကြီး မိသားစုနှင့်အတူထာဝရပျော်ရွှင်အေးချမ်းစွာ ဘဝခရီးကိုလျှောက်လှမ်းနိုင်ပါစေ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ Happy Birthday ပါ မွေးနေ့မှစ တစ်သက်လုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။

#credit