Celebrities

အချစ်ရေးနဲ့ပတ်သက်ပြီး သူမရဲ့ကန့်ကွက်မှုတစ်ခုကို ပြောပြလိုက်တဲ့ မိစန္

မြန်မာနိုင်ငံရဲ့ Female Rapper တစ်ယောက်ဖြစ်ပြီး အမိုက်စား Rap တွေနဲ့ ပရိသတ်တွေ အားပေးဝန်းရံမှု အပြည့်ဝရရှိထားတဲ့ မိစန္ဒီကတော့ Stay home ကာလတွေမှာ ပရိသတ်တွေနဲ့အဆက်မပြတ်သွားစေမယ့် သီချင်းအသစ်လေးတွေကို ဖန်တီးရေးသားနေခဲ့တာဖြစ်ပါတယ် ။ သူမရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့အတူ ခံစားချက်စာသားအချို့ကိုလည်း မိစန္ဒီက မကြာခဏ မျှဝေပေးလေ့ရှိပါတယ် ။

လတ်တလောမှာတော့ အချစ်ရေးနဲ့ပတ်သက်ပြီး သူမရဲ့အမြင်လေးတစ်ခုကို ရေးသားဖော်ပြခဲ့ပါတယ် ။ အဲဒါကတော့ “အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူး” လို့ အဆိုရှိတယ် ဆိုတာ ပရိသတ်တွေအားလုံးလည်းသိပြီးဖြစ်မှာပါနော် ။ဒါပေမယ့် ဒီအဆိုကို မိစန္ဒီကတော့ ကန့်ကွက်ချင်ပါတယ်တဲ့ ပရိသတ်ကြီးရေ ..။ အချစ်ရေးနဲ့ပတ်သက်ပြီး ဒီအဆိုကို သူမဘက်က လက်မခံချင်ကြောင်း နဲ့အတူ သူမရဲ့ အမိုက်စား ပုံရိပ်လေးအချို့ကို ပရိသတ်တွေကို မျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ။

ကတုံးဆံပင်ပေါက်နဲ့တောင် ဂေါ်နေအောင် ဖက်ရှင်ကျကျ ဝတ်တတ်တဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေက ချစ်စရာကောင်းကြောင်းရေးသားမှတ်ချက်ပေးခဲ့ကြပါတယ် ။ ဒါ့အပြင် သူမရဲ့ ပရိသတ်ကြီးကလည်း အချစ်နဲ့စစ်မှာမတရားတာ မရှိဘူးဆိုတဲ့ အဆိုကို လက်ခံတယ် လက်မခံဘူး စတဲ့အမြင်လေးတွေကို ပြန်လည်မှတ်ချက်ရေးသားထားကြတာလည်းတွေ့ရပါတယ် ။

#credit