Celebrities

Instagram အကောင့်ခိုးယူခံရပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေကို ပြောပြလာခဲ့တဲ့ နန်းဆုဦး

ပရိသတ်အချစ်တော် မင်းသမီးချောလေးနန်းဆုကတော့ သူမမွေးနေ့ဖြစ်တဲ့ အောက်တိုဘာလကနေစပြီး ဖေ့ဘုတ်စ်ကို သေချာလေးပြန်လည်အသုံးပြုပြီး ပရိသတ်နဲ့ထိတွေ့ခဲ့တာ အခုဆို လပိုင်းလေးအတွင်းမှာတင် 1.5M တောင် Follower ရရှိခဲ့တဲ့အတွက် ပရိသတ်တွေကိုကျေးဇူးတင်ကြောင်း ဆယ်လီကမ္ဘာကနေတဆင့် ပြောပြလာခဲ့ပါတယ် ။

နန်းဆုဦးကတော့ ဒီ Facebook အကောင့်ကနေတဆင့် ပရိသတ်တွေမပျင်းရအောင် သူမရဲ့ နေ့စဉ်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးနေခဲ့တယ်လို့ ဆိုပါတယ် ။ နန်းဆုရဲ့ Instagram အကောင့်ကတော့ Hack ခံရပြီး အကောင့်က ပျက်သွားခဲ့တဲ့အတွက် ပြန်လည်အသုံးမပြုဖြစ်တော့လို့ ပရိသတ်တွေနဲ့ တော့ ဖေ့ဘုတ်စ်နဲ့ပဲ အဆက်သွယ်လုပ်နေရတယ်လို့ ပရိသတ်တွေကိုအသိပေးခဲ့ပါတယ် ။

ကိုဗစ်ကာလအတွင်းမှာတော့ အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားပြီး အိမ်မှာပဲ Stay home နေဖြစ်နေတယ်လို့သိရပါတယ် ။ ပရိသတ်တွေမပျင်းရအောင်တော့ သူမရဲ့ ဖေ့ဘုတ်စ် ပေ့ချ်ကနေတဆင့် သူမရဲ့ လှုပ်ရှားမှုလေးတွေကို ဆက်တိုက်တင်ပေးသွားမယ်လို့ ဆယ်လီကမ္ဘာမှတဆင့် ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။

#credit