Celebrities

ကိုယ့်လောကသားတွေအတွက် ရုပ်ရှင်အစည်းအရုံးမှာ တတ်နိုင်သမျှလှူဒါန်းပေးခဲ့တဲ့ ထက်ထက်မိုးဦး

ဒိတ်ဒိတ်ကြဲအောင်မြင်ကျော်ကြားမှုတွေ ပြန်လည်သိမ်းပိုက်လာတဲ့ထက်ထက်ကတော့ အနုပညာရှင်တိုင်းနီးပါး နားနေရတဲ့ ကိုဗစ်ကာလမှာတောင် နားရက်မရှိ အလုပ်တွေလုပ်နေရသူပါ။ ထက်ထက်ရဲ့အနုပညာစန်းနဲ့ စိန်ရွှေရတနာဆိုင်၊ ကား ၊ အိမ် စတဲ့ တန်ဖိုးကြီးပစ္စည်းတွေကိုတောင် သိန်းသောင်းပေါင်းများစွာ ရောင်းချနိုင်တဲ့အထိ အောင်မြင်နေတာလည်း ဖြစ်ပါတယ်။

ထက်ထက်ကတော့ သူရရှိတဲ့အနုပညာကြေးတွေကို သံသရာမှာအသုံးပြုနိုင်အောင် အလှူအတန်းမကြာခဏလုပ်လေ့ရှိသလို မနေ့ကလည်း အလှူလေးတစ်ခုပြုလုပ်ဖြစ်ခဲ့ကြောင်း မျှဝေလာပါတယ်။ ကိုယ့်ရဲ့အနုပညာလောကသားတွေအတွက် ရုပ်ရှင်အစည်းအရုံးမှာ ဆန်နဲ့ မုန့်စုံပုံးတွေ လှူဒါန်းပေးခဲ့တာဖြစ်ပြီး ချစ်ရတဲ့ပရိသတ်တွေကြောင့် လှူဒါန်းနိုင်တဲ့အလှူလေးမို့ အကုန်လုံးကုသိုလ်ရကြအောင် ပြန်လည်မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

ကာလအတန်ကြာရိုက်ကူးရေးရပ်နားထားရတဲ့ ရုပ်ရှင်လောကသားတွေအတွက် တာဝန်ရှိသူတွေ၊ ငွေကြေးတတ်နိုင်သူတွေက လှူဒါန်းပေးနေကြသလို တတ်နိုင်တဲ့အနုပညာရှင်တချို့ကလည်း မကြာခဏဆိုသလို လှူဒါန်းပေးနေတာကို တွေ့မြင်ရမှာပါ။ အခုလို ချစ်ရတဲ့လောကသားတွေအတွက် လှူဒါန်းပေးခဲ့တဲ့ ထက်ထက်ရဲ့ အလှူလေးကို ပရိသတ်ကြီးလည်း သာဓုခေါ်ပေးခဲ့ကြပါဦးနော်။

#credit