Celebrities

တောင်ကိုရီးယားနိုင်ငံက Entertainment နဲ့လက်တွဲပြီး အနုပညာအလုပ်တွေလုပ်တော့မယ်ဆိုတဲ့ ဝိုင်းလေး

ဝိုင်းလေးကိုတော့ မြန်မာနိုင်ငံကိုယ်စားပြု Miss World Myanmar 2014 အဖြစ်နဲ့ပရိသတ်တွေသိကြမှာပါ။ သူကတော့ အိမ်မက်ဆုံရာပြိုင်ပွဲမှာလည်းပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး အခုဆိုရင်တော့ ဂီတလမ်းကြောင်းမှာ အောင်မြင်စွာလျှောက်လှမ်းနေပါပြီ။ ဝိုင်းလေးကတော့ ကိုယ်ပိုင်အယ်လ်ဘမ်တွေလည်းထွက်ရှိထားသလို Cover Song တွေပြန်လည်သီဆိုပြီးပရိသတ်တွေရဲ့အားပေးမှုကိုလည်း ရရှိနေသူပါ။

ဝိုင်းလေးကတော့ နောက်ထပ်အနုပညာခြေလှမ်းထပ်မံလှမ်းတော့မယ့်အကြောင်းကို  “ဝိုင်းရဲ့ ပရိတ်သတ်တွေအတွက် အနုပညာလှုပ်ရှားမှုများ ပိုမို လုပ်ကိုင်နိုင်ရန် Korea မှ JDOUBLE ENTERTAINMENT နဲ့အတူတူ တေးသီချင်းထုတ်လုပ်မှုများနှင့် အခြားသော အနုပညာလုပ်ငန်းများစွာအတွက် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ရှင့်???? မျှော်လင့်မထားတဲ့ Covid အခြေနေကြောင့် အချိန်တစ်ခုထိစောင့်ဆိုင်းနေခြင်းဖြစ်ပြီး  2021 မှ စတင်ကာ အခွင့်ရေးရနိုင်သမျှ ကြိုးစားတင်ဆက်သွားမှာဖြစ်လို့ ဆက်လက်စောင့်မျှော်ပေးကြပါနော်… ဝိုင်းလေး အကောင်းဆုံး ကြိုးစားနေပါတယ်ရှင့်” ဆိုပြီးတော့ဖေ့ဘွတ်ခ်မှာ ရေးသားထားပါတယ်။

ဝိုင်းလေးကတော့ ကိုရီးယားသီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်နဲ့သီဆိုနိုင်တာကိုလည်း ပရိသတ်တွေသိကြမှာပါ။ အနုပညာဖန်တီးမှုအသစ်တွေလုပ်ရင်းအဆက်မပြတ်ကြိုးစားနေတဲ့ဝိုင်းလေးတစ်ယောက် အနုပညာလောကမှာ အောင်မြင်မှုများစွာဆွတ်ခူးနိုင်ပါစေ….
Source : WyneLay

#credit