Knowledge

ထန်းရည်နဲ့ ထန်းလျှက်ကို ထန်းသီးကနေ ရတယ်လို့ သင်ထင်နေပါသလား

ထန်းရည်နဲ့ ထန်းလျှက်ကို ထန်းသီးကနေ ရတယ်လို့ ထင်နေပါသလား..

ထန်းရည်ဆိုတာက ထန်းသီးကနေရတဲ့အရည်မဟုတ်ပါဘူး။ ထန်ဖူးကနေရတဲ့အရည်ပါ။ ထန်းရည်ကို သောက်စရာတစ်ခုအနေနဲ့သောက်လာခဲ့တာ အရင်ကတည်းကပါ။ ထန်းရည်မှာ အချိုနဲ့အခါးဆိုပြီး ရှိပါတယ်။ ဒီထန်းရည်က သဘာဝဆေးတစ်ခုအနေနဲ့ ခန္ဓာကိုယ်ကို အကျိုးပြုပေးနိုင်ပါတယ်။ ထန်းရည်က pH ၈ ကနေ ၉ ရှိပါတယ်။ ထန်းရည်က ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ သောက်စရာတစ်ခုလို့ပြောပါရစေနော်။

ထန်းရည်ထုတ်လုပ်ပုံကို ကတော့..

အသီးသီးတဲ့ အခိုင်ကို ထန်းသီးနုနုမှာ တူနဲ့ထုပြီးလှီးတာ အသီးရော အူရောပေါင်းလှီးတာ အဲ့ကနေ ထရေချိုပဲထွက်တယ် ထန်းသီးရင့်သွားရင် ထန်းသီးခိုင်နဲ့ အပင်ကို ဆွဲတိုက်ပေးတယ် သီးရောင်လို့ခေါ်တယ် ထန်းသီးကို ဖြုတ်ချပြီး အူတိုင်ကိုလှီးတယ် အဲ့ဒါ ထန်းမ၊ ထန်းဖို က ထွက်ခါစ ထန်းနို့လေးတွေကို အခွန်ခွာပြီး တစ်တောင် လောက်လေးတွေ ဖြတ်ထားတယ်။

အဲ့ဒါကိုမှ ကျင့်ယူရသေးတယ် ပထမ ဖြူဖြူ အမြှုတ်တွေထွက်လာသေးတယ် နောက်မှ ထန်းရေချိုထွက်တာ အိုးနဲ့ခံပေါ့ အဲ့ဒီ ထန်းဖိုဖူးတွေ ကို မဖြတ်ပဲ အရင့်ခံပြီး လက်ချောင်းတွေ ရှည်လာရင် ကြိုးနဲ့ စည်းပြီး ညှပ်ကိုင်ရတယ် နောက်ပိုင်း နူးနပ်လာမှ ထန်းလှီးဓားနဲ့ လှီးပြီး ထန်းရေ ယူတာ အဲ့ဒီလေးမျိုးပဲ လက်တွေ့ တွေ့ဖူးတယ် တချို့ဒေသတွေမှာ ထန်းပင်ရင်းကို တူးပြီး သဲထည့် ရေလောင်း ထန်းမြစ် နုနုတွေ ထွက်လာမှ စုပြီး လှီးတာ ရှိတယ်ပြောတယ် ဒါပေမဲဟ့ ကိုယ်တွေ့တော့ မကြုံဖူးဘူး။

တူညီတာက အားလုံးက အချိပဲထွက်တာ ထန်းရေချိုကို ထန်းလျှက်ခြက်ဖို့အတွက် ခံအိုးထဲမှာ သစ်ခေါက်လေးတွေ ထည့်ပေးရသေးတယ် အဲ့ဒီ သစ်ခေါက်က ဖန်တယ် ထန်းရေကို ချဉ်မသွားအောင် ထိမ်းထားနိုင်တယ် မူးတဲ့ ထန်းရေးခါး လုပ်မယ်ဆို အိုးထဲကို ထန်းရေခါး လုပ်ပြီးသားအိုးက ဂျိုးလို့ခေါ်တဲ့ လက်ကျန် အနှစ်တွေ ထည့်ပေးရတာ ဒါမှ ထန်းရေကျလာတာနဲ့ရောပြီး ပေါက်တယ် ပေါက်တယ်ဆိုတာ ရှဲရှဲ မြည်ပြီး အမြှုတ်လေးတွေ ထွက်လာတာကိုပြောတာ အညာဘက်မှာ မူးတဲ့ ထန်းရေခါးသောက်တဲ့လူ နဲလို့ ဆယ်လုံးလောက်ပဲ အောက်မှဖေါက်တာများတယ် ကျန်တဲ့ထန်းရေက ထန်းလျှက်ချက်တာများတယ်။

“ထန်းရည်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုစေတဲ့ အချက်များ”

ထန်းရည်ကနေ ဒီလိုအာဟာရဓာတ်တွေရနိုင်ပါတယ်။ ထန်းရည်မှာ အာဟာရဓာတ်အနေနဲ့ ဆူးခရို့စ်၊ ပရိုတင်း၊ Ascorbic acid၊ အမျှင်ဓာတ်၊ အမိုင်နိုအက်ဆစ်၊ ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ထန်းရည်က သဘာဝလက်ဆောင်တစ်မျိုးပါ။ ထန်းရည်က ချိုပြီး အရသာရှိသလို အာဟာရနဲ့ဗီတာမင်တွေလည်းပါဝင်နေတဲ့ သဘာဝရဲ့လက်ဆောင် သောက်စရာတစ်မျိုးပေါ့။ ကင်ဆာတိုက်ဖျက်ပေးနိုင်ပါတယ်။

ထန်းရည်မှာ ဗီတာမင် B2 လို့သိကြတဲ့ riboflavin ပါဝင်နေပါတယ်။ riboflavin ကဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ free radicals တွေကိုတိုက်ထုတ်ပေးပါတယ်။ ဒါကြောင့် ကင်ဆာအန္တရာယ်ကနေကာကွယ်ဖို့ ထန်းရည်သောက်ပေးလို့ရပါတယ်။

“အမြင်အာရုံကောင်းစေတယ်”

ထန်းရည်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေနဲ့ ဗီတာမင် C ပါဝင်တာကြောင့် အမြင်အာရုံကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဒါ့အပြင် ထန်းရည်မှာ ဗီတာမင် B1 (သီရာမင်း) ပါဝင်နေတာကြောင့် အမြင်အာရုံကို ကျန်းမာစေနိုင်ပါတယ်။

“အရေပြား၊ ဆံသားနဲ့ ခြေသည်းလက်သည်းတွေကို ကျန်းမာစေနိုင်တယ်”

ထန်းရည်မှာ အရေပြား၊ ဆံသားနဲ့ခြေသည်းလက်သည်းတွေကျန်းမာစေဖို့အတွက် လိုအပ်တဲ့ သံဓာတ်နဲ့ဗီတာမင် B တို့ကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေကိုကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်စေဖို့အထောက်အကူပြုပေးပါတယ်။ ခန္ဓာကိုယ်ကဆဲလ်တွေကောင်းမွန်စွာလုပ်ဆောင်နိုင်ဖို့လုပ်ဆောင်ပေးသလို တစ်ရှုးတွေကို ပြုပြင်ပေးပြီး အနာကျက်စေနိုင်စွမ်းလည်းရှိပါတယ်။ လှပကျန်းမာတဲ့ ဆံသား၊ အရေပြား နဲ့ ခြေသည်းလက်သည်းတွေပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ထန်းရည်လေးက စဉ်းစားသင့်တဲ့ သဘာဝဆေးတစ်မျိုးပေါ့။

“နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်ခြေကိုလျှော့ချပေးတယ်”

ထန်းရည်ကို နေ့တိုင်း တစ်ခွက်စီလောက်သောက်ပေးမယ်ဆိုရင် နှလုံးကျန်းမာစေတာအမှန်ပါ။ ထန်းရည်မှာ ပိုတက်ဆီယမ်ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေနိုင်ပြီး သွေးတိုးကျစေနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမယ့်အချက်တစ်ခုက ထန်းရည်အများကြီးသောက်တာက အသည်းထိခိုက်နိုင်တယ်ဆိုတာပါ။

“နို့ထွက်များစေနိုင်တယ်”

နို့ထွက်နည်းတဲ့ မိခင်တွေအတွက် သောက်ပေးလို့ရတဲ့ သဘာဝနို့ရွှင်ဆေးတစ်လက်ပေါ့။ ဒါကြောင့်နို့တိုက်မိခင်တွေ နို့ထွက်များစေဖို့ သောက်ပေးလို့ရပါတယ်။နော်။

ဒါတွေတင်မကပါဘူး။ ထန်းရည်က ကိုယ်အလေးချိန်ချချင်သူတွေအတွက်လည်း စဉ်းစားသင့်တဲ့အချက်တစ်ခုဖြစ်သလို မှတ်ဉာဏ်ကောင်းလိုသူတွေအတွက်လည်း သင့်တော်ပါတယ်။ ဦးနှောက်ကိုကျန်းမာစေနိုင်ပါတယ်။ သွားဖုံးရောဂါတွေကို သက်သာစေနိုင်သလို ပင်ပန်းမှုကိုပြေလျော့စေနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပြီး ဆီးလည်းရွှင်စေပါတယ်။ ပင်ကျရည်စစ်စစ်လေးသောက်ပြီး အဖိုးမဖြတ်နိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေရယူလိုက်ပါနော်..

#credit