Celebrities

ရောဂါကာလအတွင်း အပြင်ထွက်မလည်အောင် သားဖြစ်သူကို ထိပ်ပြောင်ဆံပင်ပုံစံညှပ်ပေးပြီး ထိန်းချုပ်ထားတဲ့ဖခင်

ဖိလစ်ပိုင်နိုင်ငံရှိဖခင်တစ်ဦးဟာ အလျင်အမြန်ပျံ့နှံ့နေတဲ့ COVID-19 ရောဂါကြောင့် မကြာသေးခင်ကပြန်ထုတ်ပြန်လိုက်တဲ့ Lockdown ကာလအတွင်း သားဖြစ်သူကိုအိမ်မှာဘဲနေစေဖို့ အကြံအဖန်ကောင်းတဲ့နည်းလမ်းတစ်ခုကိုထုတ်သုံးခဲ့ရပါတယ်။ ကူးစက်ရောဂါက ကမ္ဘာတစ်ဝှမ်းမှာဆက်လက်ပျံ့နှံ့နေဆဲဖြစ်ပြီး ဖိလစ်ပိုင် နိုင်ငံကလည်းခြွင်းချက်မရှိပါဘူး။

အခြားနိုင်ငံတွေလို အစိုးရကနိုင်ငံသားတွေအနေနဲ့ မိမိတို့နေအိမ်မှာသီးခြားနေထိုင်ဖို့၊ တတ်နိုင်သလောက်အိမ်ပြင်သိပ်မထွက်ဖို့ စတာတွေပြဌာန်းထားတာပါ။ ဒါပေမဲ့ အဲ့လိုနေထိုင်ဖို့ဆိုတာမလွယ်ကူပါဘူး။ အထူးသဖြင့်ကလေးတွေပါ။ သူတို့ကအပေါင်းအသင်းတွေနဲ့ကစားချိန်ဆို ပုံမှန်အပြင်ထွက်တတ်ကြပါတယ် ဒါပေမဲ့မိဘတွေ ကတော့ အဲ့ဒီပြဿနာတွေကိုဖြေရှင်းဖို့ တီထွင်ဖန်တီးမှုအချို့ကိုသိလာကြပါပြီ။ ပြီးခဲ့တဲ့အပတ်က ပုံမှန်မဟုတ်နေတဲ့ကြည့်ရဆိုးတဲ့ဆံပင်ကေနဲ့ ငိုယိုနေခဲ့တဲ့ကောင်လေးတစ်ဦးရဲ့ဓာတ်ပုံတွေဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ social media မှာပျံ့နှံ့သွားပြီးလူသိများသွားခဲ့ရပါတယ်။

ပုံထဲကကောင်လေးက အိမ်ထဲမှာနေဖို့အမိန့်ကို ခေါင်းမာမာနဲ့ငြင်းဆန်နေခဲ့တာပါ။ အဲ့တာကြောင့်အဖေဖြစ်သူက သူ့ကိုစည်းရုံးသိမ်းသွင်းဖို့ နည်းလမ်းတစ်ခုတီထွင်ခဲ့ရပါတယ်။ သူ့ကိုဆူပူကြိမ်းမောင်းတာသို့မဟုတ်ဒဏ်ခတ်တာတွေလုပ်မယ့်အစား ဓားတစ်ချောင်းယူပြီးသူအရှက်ရသွားစေဖို့ ထိပ်ပြောင်ကေညှပ်ပေးပစ်လိုက်ပါတယ်။

ဓာတ်ပုံထဲအရကောင်လေးကသူ့ဆံပင်ကေအသစ်ကို သိပ်ကြိုက်ပုံမထင်ရပေမဲ့ ပြုံးနေတဲ့အဖေကတော့ သူ့လက်ရာကိုအတော်လေးသဘောကျနေတဲ့ပုံပါဘဲ။ အဆိုပါဓာတ်ပုံတွေကို ဘာလို့ကောင်လေးကထိပ်ပြောင်ကေညှပ်ခဲ့ရတဲ့အကြောင်းရှင်းပြခဲ့တဲ့ အဆိုပါကောင်လေးရဲ့အမက Facebook ပေါ်တင်ခဲ့တာပါ။ ကောင်းပါပြီ သူ့အဖေလက်ရာက သေစေနိုင်တဲ့ဗိုင်းရပ်ကူးစက်ခြင်းမှ သူ့ကိုလုံခြုံစွာထားနိုင်ခဲ့ရင်တော့ သူ့မျက်ရည်တွေအားလုံးကျရကျိုးနပ်သွားပါလိမ့်မယ်။

ကဲအပြင်မထွက်ဖို့အတန်တန်မှာနေတဲ့အကြား စကားနားမထောင်ဘဲခိုးထွက်တတ်တဲ့ကလေးတွေရှိရင်လည်း အဲ့လိုထိပ်ပြောင်ကေညှပ်ပေးပစ်လိုက်ပါ။

#credit