Celebrities

မိသားစုကို ထောက်ပံ့နိုင်ဖို့တွက် လေယာဉ်မယ် အလုပ်မှ နုတ်ထွက်ပြီး ထမင်းဘူးရောင်း နေတဲ့ Single mother အမျိုးသမီး

ကိုဗစ် -19 ဟာဘယ်သူမဆိုလူတိုင်းကို အလုပ်ဈေးကွက်ထဲဝင်ဖို့မလွယ်ကူစေနေပါဘူး။ လူအများစုကအလုပ်မှာအနားယူခဲ့ရပြီး စီးပွါးရေးအခြေအနေဆိုးရွားနေတဲ့ မိသားစုတွေတွက် ဘယ်လိုထောက်ပံ့ရမှာကိုတွေးပူနေကြပါတယ် Nur Shareen Mohd လို့အမည်ရှိတဲ့လေယာဉ်မယ်တစ်ဦးဟာ ပထမဆုံး MCO ကိုကောင်အထည်ဖော်နေတုန်း ကုမ္ပဏီကမတ်လမှာဘတ်ဂျက်ဖြတ်တောက်ဖို့ ဖိအားပေးခံခဲ့ရတဲ့တွက်ကြောင့် သူမဟာလေကြောင်းလိုင်းမှနုတ်ထွက်ခဲ့ပါတယ်။

Single Mother တစ်ဦးလည်းဖြစ်တဲ့ Shar een ဟာသူမအလုပ်ထွက်ပြီးတဲ့နောက်မှာ မိသားစုကိုထောက်ပံ့နိုင်ဖို့ အခြားနည်းလမ်းတွေကိုစဉ်းစားရမယ်လို့ အမြဲတွေးတောနေခဲ့ရပါတယ် ဒီ ၂၀၂၀ ခုနှစ်ကဆိုးရွားလွန်းတဲ့အတွက်ကြောင့် အခြားအလုပ်ရှာနေတုန်း သူမဟာနေ့လည်စာထမင်းဘူးကိုရောင်းချခဲ့ရပြီး လေကြောင်းအရာရှိဟောင်းဖြစ်တဲ့သူမရဲ့မိခင်ကလည်းအချက်အပြုတ် အရမ်းတော်တဲ့သူတစ်ယောက်မို့ သူမအတွက်ပိုအဆင်ပြေသွားစေခဲ့ပါတယ်။

ပထမဆုံးစမ်းသပ်မှုအဖြစ် အစားအစာမျိုးစုံကိုရောင်းချခဲ့ပေမဲ့လည်း သူမရဲ့ကြိုးပမ်းမှုဟာအောင်မြင်တဲ့ရောင်းအားမရခဲ့ရပါဘူး။ ဒီတော့ Shareen ကသူမရဲ့ Menu ကိုအမျိုးမျိုးပြောင်းထုတ်ပြီး ပန်းကန်တခုတည်းကိုပဲအဓိကအာရုစိုက်နိုင်ရင် ပိုကောင်းလိမ့်မယ်လို့ထင်နေခဲ့ပါသေးတယ်။ Nasi Kukus Pramu gari လို့ ဆိုင်ခန်းကိုနာမည်ပေးပြီးတဲ့နောက်မှာတော့ Shareen ရဲ့အကြောင်းဟာလူသိများသွားခဲ့ပါတယ်။

အဲ့ဒီနောက်အင်တာနက်ရဲ့ကျေးဇူးကြောင့် သူမရဲ့စီးပွါးရေးအခြေနေကောင်းလာခဲ့ပြီးတစ်နေ့ကို pack ၁၀၀ ပျမ်းမျှရောင်းနေရပါတယ်။ နိုဝင်ဘာ ၁၂ ရက်မှာ အင်တာနက်အသုံးပြုသူတစ်ဦးက Shareen ရဲ့စီးပွားရေးအကြောင်းကို Twitter မှာတင်ခဲ့ပြီးနောက်မှာ Shareen က အင်တာနက်အသုံးပြုသူတွေထံမှရတဲ့ထော က်ပံ့မှုနှင့်ပတ်သက်ပြီး သူမရဲ့အသေးစားစီးပွားရေးလုပ်ငန်းကို ထောက်ပံ့ပေးတဲ့သူအားလုံးကိုကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ကိုရိုနာလုပ်လိုက်လို့ ဘယ်လောက်ဝင်ငွေကောင်းတဲ့အလုပ်ဖြစ်ပါစေ အလုပ်ထွက်လိုက်ရတာပါဘဲ။ အောက်ခြေလူတန်းစားတွေဆိုရင် ဘယ်လောက်များတောင် အခက်တွေ့နေကြလိုက်မလဲ။

#credit