Celebrities

လွန်ခဲ့တဲ့ (၂) နှစ် Miss Universe ပြိုင်ပွဲဝင်စဉ်ကပုံရိပ်တွေကို အမှတ်တရထုတ်ပြလိုက်တဲ့ ရွှေအိမ်စည်

ရွှေအိမ်စည်ကတော့ အများကြီးပြင်ဆင်ပြီးခါမှ အကြောင်းကြောင်းကြောင့် ဆက်မပြိုင် ဖြစ်လိုက်တဲ့ Miss Universe ပွဲက ပြိုင်ပွဲဝင်ခဲ့တဲ့ပုံရိပ်လေးတွေကို အမှတ်တရအဖြစ် ပြန်လည် ဝေမျှခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်လေးနဲ့ ထွန်းထွန်းပေါက်ပေါက်ရှိပြီး ရဲရဲဝံ့ဝံ့နဲ့ ကမ္ဘာ့အလယ်မှာ သွားရောက်ယှဉ်ပြိုင်ရဲတာ နည်းနည်းနောနော သတ္တိမဟုတ်ပါဘူး။

ပြိုင်ပွဲကနှုတ်ထွက်ပြီးနောက်မှာလည်း မော်ဒယ်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး လက်ရှိအချိန်ထိတော့ ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးခဲ့ပါသေးတယ်။ အရွယ်လည်းငယ်သလို ထက်မြက်ပြီးသွက်လက်တဲ့သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကလည်း မနည်းမနောပါပဲ။

ပြိုင်ပွဲဝင်စဉ်က ပုံလေးတွေကို ” ပွဲပြိုင်တုန်းကဆံပင်တိုလေးနဲ့ (၂) နှစ် တောင်ရှိပြီ  ဒီ အပြာရောင် gown လေးကို ဒဲ့ကြွေတာ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ ဘယ်အချိန်ကြည့်ကြည် လှလွန်းနေတာတော့ အိမ်စည့်ရဲ့ ညို့အားပြင်းတဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ။

#crd