Celebrities

ဖခင်ဖြစ်သူအတွက် တန်ဖိုးအကြီးဆုံး မွန်မြတ်တဲ့ အရာလေးတစ်ခုကို ပြုလုပ်ပေးကာ လက်ဆယ်ဖြာမိုး ကန်တော့ခဲ့တဲ့ စည်ဖြိုးတို့ဇနီးမောင်နှံ

အနုပညာလောကမှာ နှစ်ပေါင်းများစွာတိုင်အောင် ရပ်တည်အောင်မြင်နေပြီး ပရိသတ်အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ သရုပ်ဆောင် စည်ဖြိုးကိုသိကြမယ်ထင်ပါတယ်နော်။ ဒါ့အပြင် ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ထားကာ ပရိသတ်တွေ အားကျနေရတာပါနော်။ 

သူတို့ဇနီးမောင်နှံဟာ ဝါသနာပါရာ အနုပညာအလုပ်တွေကို အတူတူ ကြိုးစားလုပ်ကိုင်နေကြတဲ့ အနုပညာရှင်တွေလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူတို့ဇနီးမောင်နှံကို အားကျချစ်ခင်နေရတာပါနော်။ စည်ဖြိုးကလည်း ဇနီးဖြစ်သူခင်လွှမ်းကို ကြင်နာမှုတွေအပြည့်အဝပေးကာ မျက်စိအောက်ကအပျောက်မခံအောင် ချစ်ခြင်းမေတ္တာတွေပေးထားတာလည်းဖြစ်ပါတယ် ။ 

သူတို့နှစ်ယောက်ဟာ အမြဲလိုလို ပရိသတ်တွေအတွက် ပုံရိပ်လေးတွေကြည့်ရှုနိုင်အောင် လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှပေးလေ့ ရှိရာ အခုမှာတော့ ဖခင်ဖြစ်သူအား မျက်စိခွဲစိတ်ကုသမှုပြုလုပ်ရန် လုပ်အားခလေးနဲ့ လက်ဆယ်ဖြာမိုး ကန်တော့ခဲ့ကြောင်း ဖော်ပြထားတာတွေ့ရပါတယ် ။ ဘယ်လောက်တောင်ကုသိုလ်ရပြီး ကြည်နူးစရာကောင်းလည်းနော် ။ ပရိသတ်ကြီးလည်း စည်ဖြိုးတို့ သားအဖတွေရဲ့ ပုံလေးတွေကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။ 

#credit