အဆိုတော်ပိုပိုကတော့ ကိုယ်ပိုင်သံစဉ်သီချင်းအေးအေးလေးတွေရယ် ချိုသာတဲ့ အသံလေးတွေရယ်နဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။တေးသီချင်းအမျိုးအစား အစုံအလင်ကို သီဆိုနိုင်စွမ်းရှိတဲ့ ပိုပိုက သီချင်းကောင်းလေးတွေ အများအပြားထွက်ရှိခဲ့တာ ဖြစ်ပါတယ် ။
ပိုပိုရဲ့သီချင်းတော်တော်များများကလည်းလူငယ်ပရိသတ်တွေရဲ့နှစ်ခြိုက်အားပေးမှုကို ရရှိနေတာ ဖြစ်ပါတယ် ။ပိုပိုဟာ အခုလက်ရှိမှာလည်းသူမရဲ့သီချင်းသစ်တွေအတွက် music videoတွေရိုက်ကူးနေတာလည်းဖြစ်ပါတယ်။ တစ်မူထူးခြားတဲ့ သီဆိုဟန်လေးနဲ့ ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့တဲ့ ပိုပိုက အဆိုကောင်းသလို ရုပ်ရည်လေးကလည်း ချောမောလှပနေတာ ဖြစ်ပါတယ် ။
ပိုပိုဟာ မကြာခဏဆိုသလိုသူမရဲ့ ချစ်စရာပုံရိပ်လေးတွေနဲ့အနုပညာလှုပ်ရှားမှုလေးတွေကို social networkတွင်တင်ပေးလေ့ရှိသူဖြစ်ပါတယ်။အခုလည်း ဖက်ရှင်အလန်းစားတွေဝတ်ဆင်ကာ အထာကျကျပို့စ်တွေပေးပြီး သွယ်လျကျစ်လစ်တဲ့သူမရဲ့အလှတရားတွေနဲ့ ညို့ယူဖမ်းစားထားတဲ့ ပုံလေးတွေကိုဖော်ပြထားရာ ပုံလေးတွေတိုင်းက မိုက်လွန်းတာကြောင့် မျှဝေပေးလိုက်ပါတယ် ။
#credit