Celebrities

ကိုဗစ် Positive ထိသွားပြီဆိုတဲ့အကြောင်း စိတ်မကောင်းစွာမျှဝေလာတဲ့ နေလင်

တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ကိုဗစ်ကပ်ရောဂါကြီးကိုတော့ ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတွေမှာတောင် ရှောင်လွဲမရနိုင်တာမို့ ကိုယ်ပိုင်အသိ၊ သတိနဲ့ မကူးစက်အောင်ကာကွယ်ကြရမှာက လူတိုင်းရဲ့တာဝန်ပါ။ ဒါပေမယ့် အခုလို သတိကြီးကြီးထားနေရင်းတောင် သတိလွတ်သွားတဲ့ခဏမှာ ကူးစက်ခံလိုက်ရသူတွေလည်း အများအပြားပါ။

မြန်မာနိုင်ငံမှာလည်း နေ့စဉ်လူထောင်ကျော် ရောဂါပိုးတွေ့ရှိနေပြီး ပိုးတွေ့လူနာတွေထဲမှာ ပြည်သူချစ်အနုပညာရှင်တွေလည်း တစ်ယောက်ပြီးတစ်ယောက် ပါဝင်လာခဲ့ပါတယ်။ မကြာသေးခင်က ပရဟိတမင်းသားကြီးဦးကျော်သူနဲ့ ထွန်းကိုကိုတို့မှာ ပိုးတွေ့ရှိခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဦးမိုးဒီမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပါတယ်။ ဒီနေ့မှာလည်း နောက်တစ်ယောက်အနေနဲ့ ဇာတ်ပို့ဇာတ်ရံ ဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်သူ နေလင်း ကတော့ သူလည်း Positive ထိသွားပြီဖြစ်ကြောင်း ပရိသတ်ကြီးကို အသိပေးမျှဝေလာပါတယ်။

ဧရာဝတီစင်တာမှာ ကိုဗစ်ပိုးသွားရောက်စစ်ဆေးရာမှ Positive တွေ့ခဲ့ကြောင်း မျှဝေခဲ့တာဖြစ်ပြီး ဘယ်ကကူးစက်ခံခဲ့ရကြောင်းကိုတော့ ပြောကြားထားခြင်းမရှိသေးပါဘူး ပရိသတ်ကြီးရေ… ပရိသတ်တွေကတော့ နေလင်းတစ်ယောက် ဘယ်ကကူးစက်ခံခဲ့ရသလဲ စိုးရိမ်စွာ မေးမြန်းခဲ့ကြသလို အမြန်ဆုံးသက်သာပျောက်ကင်းသွားစေဖို့လည်း ဆုတောင်းပေးခဲ့ကြပါတယ်။ လတ်တလော ကိုဗစ်ပိုးကူးစက်ခံထားရတဲ့ ပရိသတ်အချစ်တော် ဦးမိုးဒီနဲ့ ကိုနေလင်းတို့ နှစ်ယောက်စလုံး အမြန်ဆုံးပြန်လည်သက်သာပျောက်ကင်းပါစေလို့ဆယ်လီကမ္ဘာမှ ဆုတောင်းပေးလိုက်ပါတယ်။

#credit