Celebrities

အွန်လိုင်းအမှီပြုပြီး ဈေးရောင်းနေသူတွေအဆင်ပြေစေဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးသွားမယ့် စမိုင်းလ်

စမိုင်းလ်ကတော့ အလှူအတန်းမကြာခဏပြုလုပ်လေ့ရှိသူတစ်ယောက်ဖြစ်သလို ပရိသတ်နဲ့တစ်သားတည်း ရှိသူတစ်ယောက်ပါ။ မကြာခဏဆိုသလို အားပေးနေသူတွေအတွက် ကံစမ်းမဲအစီအစဉ်တွေပြုလုပ်ပေးလေ့ရှိပြီးဒီတစ်ခေါက်မှာလည်း တစ်နိုင်တစ်ပိုင်ဈေးရောင်းချနေရတဲ့သူတွေအတွက် တစ်ဖက်တစ်လမ်းက ကူညီပေးတဲ့အနေနဲ့ အပတ်စဉ်ကြာသပတေးနေ့တိုင်း သူ့ရဲ့ပို့စ်မှာ ကြေညာခွင့်ပြုပေးသွားမယ်လို့ သိရပါတယ်။

စမိုင်းလ်အသုံးပြုနေတဲ့ Page ကတော့ လူပေါင်း (၂၄) သိန်းကျော် Follow လုပ်ထားတဲ့ Page တစ်ခုပါ။ သူ့ရဲ့ Page မှာ အပတ်စဉ်ကြာသပတေးနေ့တိုင်း Smile Mart ဆိုတဲ့ ပို့စ်တင်ပေးသွားမှာဖြစ်ပြီး ဒီပို့်စ်လေးရဲ့အောက်မှာတော့ ကိုယ်ရဲ့ကုန်ပစ္စည်းတိုင်းကို ရောင်းချနိုင်မှာဖြစ်ပါတယ်။ လူပေါင်းများစွာ Follow လုပ်ထားတဲ့ Page မို့ အွန်လိုင်းရောင်းချသူတွေအနေနဲ့ ကိုယ့် Page ကို Boost လုပ်စရာမလိုဘဲ လူတွေဆီအရောက် ကြေညာနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် နောက်ထပ်အစီအစဉ်တစ်ခုအနေနဲ့ ရောင်းချသူတွေထဲကမှ အားလုံးနဲ့အဆင်ပြေမယ့်ပစ္စည်း (သို့) စမိုင်းလ်ကိုယ်တိုင်ကြိုက်တဲ့ပစ္စည်းများရှိပါက သူကိုယ်တိုင်ရွေးပြီး ကုန်ပစ္စည်းများအား အခမဲ့ကြေညာပေးသွားဦးမှာပါတဲ့ ပရိသတ်ကြီးရေ… ကြာသပတေးနေ့ည (၈) နာရီတိုင်း ကုန်ပစ္စည်းရောင်းချခွင့်စတင်ပြီး (၂၄) နာရီပြည့်ရင်တော့ Smile Mart ပို့စ်လေးကို ပြန်ဖျက်ကာ နောက်တစ်ပတ်ကြာသပတေးမှ ပြန်လည်ရောင်းချခွင့်ရှိမှာပါ။ ပိုက်ဆံမကုန်ကျဘဲ ကိုယ်ရောင်းချနေတဲ့ပစ္စည်းလေးကို လူအများဆီအရောက်ကြေညာနိုင်မယ့် အခွင့်အရေးလေးမို့ ပရိသတ်ကြီးလည်း လက်မလွှတ်ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

#credit