Knowledge

ဒီဇင်ဘာ လဆန်းပိုင်းမှာ ကိုဗစ်ကာကွယ်ဆေးကို အသုံးပြုခွင့်ပေးတော့မယ်လို့ FDA မှပြောပီ

Pfizer ရဲ့ကာကွယ်ဆေးဟာ ယူကေနိုင်ငံမှာ ဒီအပတ်ထဲအသုံးပြုခွင့်ကျမယ်လို့ဆိုပါတယ်။ဒါဆိုရင် Pfizer နဲ့ BioNTech ရဲ့ကိုဗစ်ကာကွယ်ဆေးဟာ ကမ္ဘာပေါ်မှာပထမဦးဆုံး လူရိုသေရှင်ရိုသေ စိတ်ချလောက်အောင်အသိအမှတ်ပြုခံရတဲ့ ကိုဗစ် ကာကွယ်ဆေးဖြစ်လာမှာပါ။

ယူကေနိုင်ငံမှာ Medicines and Healthcare Products Regulatory Agency (MHRA) ဆိုတာရှိပါတယ်။ သူတို့ဟာ Pfizer နဲ့ BioNTech ရဲ့ စာရွက်စာတမ်းနဲ့ဒေတာတွေကို စတင်စစ်ဆေးတော့မယ်လို့ဆိုပါတယ်။အကယ်လို့ MHRA က ဒီတပတ်သောကြာနေ့ နိုဝင်ဘာ ၂၇ အမှီ အသုံးပြုခွင့်ပေးခဲ့ရင် အမေရိကန် FDA ထက်စောပါမယ်။ အမေရိကန် FDA က အကြံပေးဘုတ်အဖွဲ့ဟာ ဒီဇင်ဘာ ၁၀ ရက်နေ့မှာတွေ့ဆုံဖို့ရှိပြီး အမေရိကန်မှာ ဒီဇင်ဘာ ၁၁ ရက်နေ့ ကာကွယ်ဆေးစထိုးပေးနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

ယူကေနိုင်ငံရဲ့ National Health Service (NHS) ကလည်း Pfizer ကို ဒီဇင်ဘာလ ၁ ရက်နေ့စတင်ဆေးထိုးမှုတွေပြုလုပ်နိုင်ရန် အသင့်ပြင်ဆင်ထားဖို့ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။အခု ယူကေနိုင်ငံမှာ ဒီဇင်ဘာ ၁ ရက်နေ့နဲ့ အမေရိကန်မှာ ဒီဇင်ဘာ ၁၁ ရက်နေ့ဆိုတာ နီးစပ်သူတွေကခန့်မှန်းတာပဲရှိပါသေးတယ်။ တရားဝင်တော့ မထွက်သေးပါဘူး။

အမေရိကန်အစိုးရရဲ့ ကာကွယ်ဆေးပရိုဂရမ် အော်ပရေးရှင်းဝက်စပိရဲ့ ထိပ်တန်းပညာရှင်ကတော့ FDA ခွင့်ပြုမိန့်ကျတာနဲ့ ကာကွယ်ဆေးထိုးပေးမယ့်နေရာတွေကို ၂၄ နာရီအတွင်းစပို့နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

Dr Moncef Slaoui က ဒီဇင်ဘာ ၁၁ (သို့မဟုတ်) ဒီဇင်ဘာ ၁၂ မှာ အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ ကာကွယ်ဆေးစထိုးပေးနိုင်မယ်လို့ မှန်းထားပါတယ်။အားလုံး တစ်နှစ်နီးပါးစောင့်ခဲ့ရတဲ့ ကာကွယ်ဆေးအောင်စရင်းထွက်မယ့်နေ့က နီးလာပါပြီ။

Unicode

#credit