Lifestyle

ဒုက္ခရောက်နေတဲ့ပလောင်ကိုရင်လေးတွေအတွက် သင့်ရဲ့ ရှယ်ပေးချင်းဖြင့်ကူညီပေးကြပါ

အလှူခံပို့စ်ပါကျေးဇူးပြု၍အချိန်ပေးပြီးဖတ်ပေးစေချင်ပါတယ်ရှင့် စွန့်ပစ်ခံနေရတဲ့ပလောင်တိုင်းရင်းသားလူနာကိုရင်နှင့်အတူနေကိုရင်လေးနှစ်ပါးအတွက် အလှူခံပါရစေ ဝေးလံခေါင်သီလွန်းတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းကျေးသီးမြို့နယ်ကျွန်းတောင်ရွာမှ မန္တလေးမြို့ကဘုန်းကြီးကျောင်းတစ်မှာ ပညာသင်ကြားနိုင်ဖို့အတွက် ကိုရင်ဝတ်နဲ့ရောက်လာခဲ့တဲ့ပလောင်ကိုရင်လေးဟာ ဆွမ်းစားရင်းရုတ်တရက်လေဖြတ်သလိုဖြစ်သတိမေ့ပြီး ဆေးရုံတင်လိုက်ရပါတယ်။

အခန်းအတူနေကိုရင် ၂ပါးနှင့်အတူ မန္တလေးဆေးရုံကြီး ၉ထပ်ဆောင် ၅လွှာ ကုတင်နံပါတ် ၂၈မှာ ဆေးကုသမှူခံယူနေရပါတယ်။ ကိုရင်လေးအခြေအနေက စကားသာပြောနိုင်ပြီး တစ်ကိုယ်လုံးကအကြောများသေသွားသလို ပျော့ဖတ်ပြီးမလှူတ်ရှားနိုင်တော့ပါဘူး။

ကိုဗစ်ရောဂါတွေနဲ့ကြောင့် ဝေဒနာရှင်ကိုရင်နှင့်အတူ အခန်းဖော်ကိုရင် ၂ပါးကိုတို့နေခဲ့တဲ့ဘုန်းကြီးကျောင်းက လုံးဝပြန်မလာရလက်မခံတော့ပါဘူးလို့ကျောင်းထိုင်ဆရာတော်က မိန့်လိုက်ပါတယ်တဲ့။

ယခုဘာသာစကားမကျွမ်းကျင်တဲ့ ကိုရင်လေး ၃ပါးမှာ ဆေးကုသစရိတ်မပြောနဲ့ ဆွမ်းစားဖို့တောင်ခက်ခဲနေပါတယ်။ ပိုက်စံလည်းမရှိပါဘူးတဲ့။ လူနာကိုရင်အတွက်ပါလာတဲ့ငွေလေး အန်ရှူးဝါးထုပ်၂၄၀၀တန်၁ထုတ်ဝယ်ထားပါတယ်တဲ့။ ၂နာရီခြားတစ်ကြိမ်နှာခေါင်းပိုက်ကနေအစာသွင်းပေးဖို့ဆေးရုံကညွှန်ကြားထားပေမယ့် နောက်ထပ်ဝယ်ဖို့မရှိပါဘူးတဲ့။ နေစရာမရှိတော့တာကနောက်မှရှင်းပေးလို့ရပေမယ့် ဆေးကုသစရိတ်နဲ့ဆွမ်းစားဖို့အတွက်က အရေးပေါ်လိုအပ်နေပါတယ်လို့ ကျမတို့ဆီကိုဆက်သွယ်အကူညီတောင်းခံလာပါတယ်။

မိဘဆွေမျိုးမရှိ ဘာသာစကားနားမလည် အားကိုးရာမဲ့နေကြတဲ့ ကိုရင်လေး ၃ပါးအတွက် ကျမတို့လည်းတတ်နိုင်သလောက်ကူပေးပါ့မယ်။ အလှူရှင်များလည်းဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံပါစေ ကိုယ်တိုင်ဆေးရုံကိုတိုက်ရိုက်သွားကူညီပေးလို့လည်းရပါတယ်။ ကျမတို့ကတစ်ဆင့်လှူဒါန်းပေးပါဆိုလျှင်လည်း ကူညီပေးပါ့မယ်။

အဖြူရောင်နှင်းဆီပရဟိတလူငယ်အဖွဲ့
09455390571 kpay

#credit