Lifestyle

ONE Championship T-shirt နဲ့ Face mask များရောင်းချပြီး ကိုဗစ်လူနာတွေကို လှူဒါန်းသွားမယ့် အောင်လအာန်ဆိုင်း

ပရိသတ်ကြီးရေ မကြာသေးမီကကျင်းပပြုလုပ်ခဲ့တဲ့ ONE Championship ပြိုင်ပွဲမှာ မြန်မာနိုင်ငံဂုဏ်ထူးအောင် အောင်လအာန်ဆိုင်းတစ်ယောက် ရှုံးနိမ့်သွားတဲ့အတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ပရိသတ်တွေအတော်လေး စိတ်မကောင်းဖြစ်ခဲ့ရပေမယ့်

အောင်လကတော့နောက်ပွဲတွေမှာ မရှုံးနိမ့်အောင်ကြိုးစားယှဉ်ပြိုင်သွားပါမယ်လို့ ပရိသတ်တွေကိုကတိပေးခဲ့ပါတယ် ။


ရောင်းရငွေရဲ့ ၁၀% ကိုဝေဘာဂီဆေးရုံရှိ ကိုဗစ်လူနာများအတွက်လှူဒါန်းသွားမှာဖြစ်တယ်လို့လည်း ရေးသားဖော်ပြခဲ့ပါတယ် ။ ါကြောင့်ယခုလိုအချိန်မှာ သင့်အတွက်သေးငယ်တဲ့လုပ်ဆောင်ချက်တစ်ခုဟာ တစ်စုံတစ်ယောက်အတွက်တော့ ကြီးမားတဲ့ပြောင်းလဲမှုကြီးဖြစ်သွားနိုင်ပါတယ် ဆိုတဲ့စာသားလေးနဲ့လည်း ဝယ်ယူအားပေးခြင်းဖြင့် ကိုဗစ်ရောဂါသည်တွေကို ကူညီရာရောက်ကြောင်းကို ပရိသတ်တွေကိုအသိပေးဖော်ပြခဲ့တာပဲဖြစ်ပါတယ် ။

#credit