Celebrities

ရေနုတ်မြောင်းထဲ ၂၂နှစ်ကျော် အချိန်ကုန်ဆုံးခဲ့ရတဲ့လင်မယားစုံတွဲ

တူနှစ်ကိုယ်တဲအိုပျက်လို့ပဲဆိုဆို၊ နှစ်ကိုယ်သားချစ်လို့ရရင်ကျေနပ်ပြီဆိုတာ လေထဲမှာပဲရှိတဲ့စကားလို့ထင်ကြပါလိမ့်မယ်။ တကယ်တော့ဒါကို အပြင်မှာလက်တွေ့သက်သေပြခဲ့တဲ့သူတွေရှိပါတယ်။ သူတို့ကတော့ Columbia က လင်မယားစုံတွဲဖြစ်တဲ့ Miguel Restrepo နဲ့သူ့ရဲ့ဇနီး Maria Garcia တို့ပဲဖြစ်ပါတယ်။

သူတို့ဟာရေနုတ်မြောင်းထဲမှာ အိမ်သဖွယ်နေထိုင်လာတာ ၂၂နှစ်ကြာပြီဖြစ်ပြီး အပြင်ကတစ်ချို့သောလင်မယားတွေထက်တောင် ပိုချစ်ခင်၊ ပိုပြီးသစ္စာရှိကြပါတယ်။ သူတို့နှစ်ဦးဟာဆေးစွဲနေတဲ့လူနှစ်ယောက်အဖြစ် စတင်တွေ့ရှိခဲ့ပြီးနောက် တစ်ယောက်နဲ့တစ်ယောက်သံယောဇဉ်တွယ်လာတဲ့အချိန်မှာတော့ အိမ်ထောင်တစ်ခုတည်ဆောက်ပြီး ဆေးဖြတ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါပေမယ့်ဒီလိုဆုံးဖြတ်ပြီးတဲ့အချိန် သူတို့မှာနေစရာနေစရာအိမ်တောင်မရှိပါဘူး။ ဒါပေမယ့်ဒါဟာသူတို့အတွက် အခက်အခဲမဟုတ်သလို၊ အရေးပါတဲ့အရာတစ်ခုလဲမဟုတ်ပါဘူး။ သူတို့ဟာရေဆိုးမြောင်းတစ်ခုကိုပြုပြင်ပြီး တူတူနေထိုင်ခဲ့ပါတယ်

သူတို့ရဲ့မိသားစုဝင်အနေနဲ့ Blackie အမည်ရခွေးကလေးတစ်ကောင်ရှိပါတယ်။ ရေဆိုးမြောင်းဆိုပြီးအထင်မသေးလိုက်ပါနဲ့၊ လျှပ်စစ်မီးလဲရသလို၊ မီးဖိုချောင်အသေးစားလေးတောင်ရှိပါတယ်။ ကဲဘာလိုသေးလဲ။

#credit