Local News

ဒဂုံဆိပ်ကမ်းမြို့နယ် တရားမဝင်မုန့်လုပ်ငန်းမှ ကယ်ထုတ်လာတဲ့ ကလေးလုပ်သား၁၀ဦးမှာ ကိုဗစ်ပိုးတွေ့ရှိ

ဒဂုံဆိပ်ကမ်းမြို့နယ်မှ တရားမဝင် ပေါက်စီ နှင့် ပေါင်မုန့် လုပ်ငန်းမှ ကယ်ထုတ်လာသည့် ကလေးလုပ်သား ၁၀ ဦးမှာ ကိုဗစ် ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်ပြည်သူ့ဆေးရုံမှ သိရပါတယ်။မုန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသော ကလေးအလုပ်သား ၂၂ ဦး နှင့် ၎င်းတို့ကို အနီးကပ်စောင့် ရှောက်ပေးနေသူ ၃ ဦး စုစုပေါင်း ၂၅ ဦးကို ကိုဗစ်ပိုး စစ်ဆေးရာတွင် ၁၀ ဦးတွငိ ပိုးတွေ့ခဲ့ခြင်းဖြစ်ကြောင်း

၎င်းက ဆိုပါတယ်။ဒဂုံဆိပ်ကမ်းမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာ အေးမူယာကျော်က သူတို့ကို မိဘတွေနဲ့ မတွေ့ခင် စပ်ကြားမှာ လူမှုဝန်ထမ်းရဲ့ သင်တန်းကျောင်းတွေမှာ ခဏထားဖို့ လုပ်ရမယ်။ ဒီလိုသင်တန်းကျောင်းတွေမှာ ထားဖို့ဆိုရင်

ကိုဗစ် ၁၉ ကင်းရှင်းဖို့ စစ်ဆေးဖို့ရာရှိတော့ ဒီမနက်မှာ စစ်တော့ ပိုးတွေ့တာဖြစ်ပါတယ် ဟု ပြောခဲ့တာပါ။ကိုဗစ်ပိုးတွေ့ ကလေးငယ် ၁၀ ဦးထဲမှာ ယောကျင်္ားလေး ၁ ဦး နှင့် မိန်းကလေး ၉ ဦးဖြစ်ပြီးတော့ အသက် ၁၈ အရွယ်မှအသက် ၁၂ အရွယ် ကလေးများ ဖြစ်ကြောင်း သိရပါတယ်။ဒေါက်တာ အေးမူယာကျော်က ပိုးတွေ့ ကလေးတွေရော ပိုးမတွေ့တဲ့ ကလေးတွေရော အကုန်လုံးကတော့ ကျန်းမားရေးအကုန်ကောင်းမွန်ပါတယ် ဟု ပြောပါတယ်။

အဆိုပါ ကလေးအလုပ်သားများသည် အသက်မပြည့်သေးသည့် ကလေးငယ်မျာ၊း အတင်းအဓမ္မ အလုပ်စေခိုင်းမှု နှင့် ညှဉ်းပန်းနှိပ်စက်ခံနေရသည့် စွပ်စွဲခံနေရသော ဒဂုံဆိပ်ကမ်းမြို့နယ် လိုတရ ရွှေစံလှ မုန့် နှင့် ပေါက်စီလုပ်ငန်းတွင်အလုပ်လုပ်ကိုင်နေသည့် ကလေးအလုပ်သမားများဖြစ်ပါတယ်။အဆိုပါကလေးလုပ်သားထဲမှ တဦးက ကျနော်တို့ထဲက ၁၀ ယောက်မှာ ပိုးတွေ့လို့ ဆေးရုံပို့လိုက်ပြီ ကျနော်တို့လည်း အရေးပေါ်ကား ပေါ်မှာ ပဲ ရှိသေးတယ်။

ဘယ်ခေါ်သွားမလဲဆိုတာ မသိသေးဘူး ဟု ပြောပါတယ်။လက်ရှိအချိန်တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် ကလေးငယ်များကို အစိုးရ၏ ကွာရန်တင်းစင်တာများသို့ ပို့ဆောင် ထားလိုက်ကြောင်း သိရပါတယ်။

Unicode

ဒဂုံဆိပ်ကမ်းမြို့နယ် တရားမဝင်မုန့်လုပ်ငန်းမှ ကယ်ထုတ်လာတဲ့ ကလေးလုပ်သား၁၀ဦးမှာ ကိုဗစ်ပိုးတွေ့ရှိ

ဒဂုံဆိပ်ကမ်းမြို့နယ်မှ တရားမဝင် ပေါက်စီ နှင့် ပေါင်မုန့် လုပ်ငန်းမှ ကယ်ထုတ်လာသည့် ကလေးလုပ်သား ၁၀ ဦးမှာ ကိုဗစ် ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်ပြည်သူ့ဆေးရုံမှ သိရပါတယ်။မုန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသော ကလေးအလုပ်သား ၂၂ ဦး နှင့် ၎င်းတို့ကို အနီးကပ်စောင့် ရှောက်ပေးနေသူ ၃ ဦး စုစုပေါင်း ၂၅ ဦးကို ကိုဗစ်ပိုး စစ်ဆေးရာတွင် ၁၀ ဦးတွငိ ပိုးတွေ့ခဲ့ခြင်းဖြစ်ကြောင်း

၎င်းက ဆိုပါတယ်။ဒဂုံဆိပ်ကမ်းမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာ အေးမူယာကျော်က သူတို့ကို မိဘတွေနဲ့ မတွေ့ခင် စပ်ကြားမှာ လူမှုဝန်ထမ်းရဲ့ သင်တန်းကျောင်းတွေမှာ ခဏထားဖို့ လုပ်ရမယ်။ ဒီလိုသင်တန်းကျောင်းတွေမှာ ထားဖို့ဆိုရင်

ကိုဗစ် ၁၉ ကင်းရှင်းဖို့ စစ်ဆေးဖို့ရာရှိတော့ ဒီမနက်မှာ စစ်တော့ ပိုးတွေ့တာဖြစ်ပါတယ် ဟု ပြောခဲ့တာပါ။ကိုဗစ်ပိုးတွေ့ ကလေးငယ် ၁၀ ဦးထဲမှာ ယောင်္ကျားလေး ၁ ဦး နှင့် မိန်းကလေး ၉ ဦးဖြစ်ပြီးတော့ အသက် ၁၈ အရွယ်မှအသက် ၁၂ အရွယ် ကလေးများ ဖြစ်ကြောင်း သိရပါတယ်။ဒေါက်တာ အေးမူယာကျော်က ပိုးတွေ့ ကလေးတွေရော ပိုးမတွေ့တဲ့ ကလေးတွေရော အကုန်လုံးကတော့ ကျန်းမားရေးအကုန်ကောင်းမွန်ပါတယ် ဟု ပြောပါတယ်။

အဆိုပါ ကလေးအလုပ်သားများသည် အသက်မပြည့်သေးသည့် ကလေးငယ်မျာ၊း အတင်းအဓမ္မ အလုပ်စေခိုင်းမှု နှင့် ညှဉ်းပန်းနှိပ်စက်ခံနေရသည့် စွပ်စွဲခံနေရသော ဒဂုံဆိပ်ကမ်းမြို့နယ် လိုတရ ရွှေစံလှ မုန့် နှင့် ပေါက်စီလုပ်ငန်းတွင်အလုပ်လုပ်ကိုင်နေသည့် ကလေးအလုပ်သမားများဖြစ်ပါတယ်။အဆိုပါကလေးလုပ်သားထဲမှ တဦးက ကျနော်တို့ထဲက ၁၀ ယောက်မှာ ပိုးတွေ့လို့ ဆေးရုံပို့လိုက်ပြီ ကျနော်တို့လည်း အရေးပေါ်ကား ပေါ်မှာ ပဲ ရှိသေးတယ်။ဘယ်ခေါ်သွားမလဲဆိုတာ မသိသေးဘူး ဟု ပြောပါတယ်။လက်ရှိအချိန်တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် ကလေးငယ်များကို အစိုးရ၏ ကွာရန်တင်းစင်တာများသို့ ပို့ဆောင် ထားလိုက်ကြောင်း သိရပါတယ်။

#credit