Celebrities

ဒုတိယမြောက်စာအုပ် ထပ်မံထွက်ရှိလာတော့မယ့် ဇဏ်ခီ

ဇဏ်ခီကိုတော့ မင်းသားတစ်လက်အနေနဲ့ပရိသတ်တွေသိရှိထာပြီးသား ဖြစ်မှာပါ။ ဇာတ်ကား(၃)ကားသာထွက်ရှိထားပေမယ့် ပရိသတ်အားပေးမှုများစွာနဲ့အတူ အောင်မြင်တဲ့မင်းသားတစ်လက်အဖြစ်ရပ်တည်နေခဲ့ပါပြီ။ ဇဏ်ခီကတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့တင်မကပါဘူး တေးရေး၊အဆိုတော်တစ်ယောက်လည်းဖြစ်သလို ဇာတ်ညွှန်းရေးဆရာတစ်ယောက်လည်း ဖြစ်နေပါသေးတယ်။

ဘက်စုံထူးချွန်တဲ့မင်းသားကတော့ “ကိုယ်တိုင်သိရှိသွားမှု” ဆိုတဲ့ စာအုပ်လည်း ထွက်ရှိထားတာဖြစ်ပြီး လူကြိုက်များကာအောင်မြင်ခဲ့ပါတယ်။ အခုလည်း စာအုပ်အသစ်ထွက်ရှိလာဖို့ရှိနေပြီး ပရိသတ်တွေကတော့ စောင့်မျှော်နေကြတာပါ။ ဒုတိယမြောက်စာအုပ်အမည်ကတော့ “စံ ” ဖြစ်ပြီး ပရိသတ်တွေဆီမကြာခင်ရောက်ရှိလာတော့မယ့်အကြောင်းကို “ကျွန်တော့်ရဲ့ဒုတိယမြောက်စာအုပ် “စံ” ကို preorder မှာရင် လက်ဆောင်ထည့်ပေးမယ့် bookmark လေးတွေပါ.. ဒီဇင်ဘာလထဲမှာထွက်ဖို့ကြိုးစားနေပါတယ်။ Preorder တင်လို့ရမယ့်အချိန်ကိုပြန်ပြောပြပါ့မယ်။” ဆိုပြီးဖေ့ဘွတ်ခ်မှာ ရေးသားထားတာပါ။

ပရိသတ်တွေကတော့ ဇဏ်ခီရဲ့ ကိုယ်တိုင်သိရှိသွားမှု ဆိုတဲ့ စာအုပ်ကနေပြီး အတွေးတွေထပ်တူကျပြီး ကြိုက်နှစ်သက်ခဲ့ကြရသလို ဒုတိယမြောက်စာအုပ်ကလည်း ပိုတောင်ကောင်းမွန်နေမလားဆိုတာ ဖတ်ကြည့်ချင်နေကြပြီထင်ပါရဲ့နော်….
Source : ZennKyi

#credit