Celebrities

ကြော်ငြာတွေပြန်ရိုက်ပါလို့တောင်းဆိုကြတဲ့ပရိသတ်တွေကြောင့် ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေ ကို ဝေမျှလိုက်တဲ့ ထက်ထက်မိုးဦး

တစ်ချိန်ကကြော်ငြာဘုရင်မလေးထက်ထက်ရဲ့အရှိန်အဟုန်ဟာ တော်တော်လေးကို အောင်မြင်ခဲ့တာ အားလုံးအသိပါပဲ။ ဒီနေ့အချိန်မှာလည်း သူမကြော်ငြာပြီး Live လွှင့်ရောင်းချပေးတဲ့ ပစ္စည်းတွေဟာလည်း ဝက်ဝက်ကွဲရောင်းရခဲ့တာမို့ ကြော်ငြာဘုရင် မရဲ့ စန်းတွေဟာ မကျသေးဘူးဆိုတာ ပေါ်လွင်နေခဲ့ပါတယ်။

Live လွှင့်ရောင်းတာကိုတင်အားမရတော့ဘဲ အရင်လိုကြော်ငြာတွေပြန်ရိုက်ဖို့တောင်းဆိုတဲ့ ပရိသတ်တွေအတွက် သူမရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကို ဝေမျှခဲ့ပါတယ်။ ဘယ်အချိန်ကြည့်ကြည့် ချစ်ဖို့ကောင်းတဲ့အပြုံးလေးတွေက ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

ရိုက်ကွင်းပေါ်ကချစ်စဖွယ်ပုံရိပ်လေးတွေကို ” ချစ်ရသူတွေအတွက် အမြဲအလုပ်တွေ ကြိုးစားနေမယ်။ ထက်ကိုကြော်ငြာတွေ ပြန်ရိုက်ပါလို့တောင်းဆိုနေကြတဲ့ ချစ်ရသူတွေအတွက် ” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ အရင်လို မထက်ရဲ့ကြော်ငြာတွေ အများကြီးကို ပြန်မြင်ချင် နေပါပြီနော်။

#credit