လွင်မိုးကတော့ ငယ်ရွယ်စဉ်အခါကတည်းက ချောမောခန့်ညားတဲ့ဥပဓိရုပ်မျိုးကို ပိုင်ဆိုင်ခဲ့ပြီး အခုချိန်မှာလည်း အရွယ်တင်နုပျိုနေဆဲပါ ။ လက်ရှိအချိန်မှာ လွင်မိုးက အနုပညာအလုပ်တွေကို ရပ်နားထားပြီး မိသားစုလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာ ဖြစ်ပါတယ် ။
လွင်မိုးတို့မိသားစုလေးက စည်းစည်းလုံးလုံးနဲ့ စိတ်တူကိုယ်တူရှိကြတဲ့မိသားစုလေးဖြစ်ပါတယ်။ဒါ့အပြင် လွင်မိုးတို့ဇနီးမောင်နှံက အလှူအတန်းဆိုလည်းအရမ်းရက်ရောကြလို့ လိုအပ်တဲ့နေရာတွေကို အမြဲတမ်းလှူဒါန်းလေ့ ရှိတာတွေ့ရပါတယ်နော်။
သူရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်းအမြဲဖော်ပြလေ့ရှိရာ အခုမှာတော့ တစ်ချိန်ကအနုပညာမောင်နှမတွေဖြစ်ကြတဲ့ ဒွေးနဲ့ထက်ထက်တို့နဲ့အတူ အမှတ်တရအကြောင်းအရာလေးတွေကိုခုလိုပြောပြလာတာတွေ့ရပါတယ် “တချိန်တုံးက..ကျွန်တော်တို့အနုပညာ..ညီအစ်ကိုမောင်နှမတွေ..ဦးလှထွန်း..ရဲ့ကင်ဆာဖောင်ဒေးရှင်းကိုသွားကျတာပါ..နေ့ရက်တွေတော့မမှတ်မိတော့ပါဘူး…ရုပ်ရှင်အစည်းအရုံးကစီစဥ်တာပါ..ဥက္ကဌ..ဦးစိန်တင်လက်ထက်ကပါ..မှတ်မိနေတာတခုက..အားလုံးမြန်မာဆန်ဆန်ဝတ်စားလာရမယ်ဆိုလို့..အားလုံးကပုံမှာမြင်ရတဲ့အတိုင်း..ညီညွတ်နေကျတာပါ..ကိုသားကြီးတယောက်ပဲ..အစောကြီးကျွန်တော်တို့နဲ့လမ်းခွဲနုတ်ဆက်သွားခဲ့တာပါ..ကျန်တဲ့သူတွေကတော့..နည်းမျိုးစုံနဲ့..ရှင်သန်နေကျရအုံးမှာပါ….Original photo credit” ဆိုတဲ့စာလေးနဲ့အတူ အမှတ်တရပုံလေးတွေကိုပါဖော်ပြခဲ့ရာ ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ် ။
#credit