Celebrities

လက်ရှိနာမည်ကြီးနေတဲ့ ဇာတ်လမ်းတွဲထဲက ကလေးတွေကို သူမအမေနဲ့ ပေးတွေ့ချင်တယ်ဆိုတဲ့ ပန်ကိတ်ဒါဒါ

လက်ရှိပရိသတ်တွေကြားမှာ အတော်လေးရေပန်းစာနေတဲ့ ကိုရီးယားဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ The penthouse (War of life) ဇာတ်လမ်းတွဲကတော့ လူချမ်းသာတွေ နဲ့ အခြေခံလူတန်းစားတွေရဲ့ဘဝကို အဓိက ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတစ်ခုပဲဖြစ်ပြီး ပရိသတ်တွေကို အတော်လေး ဆွဲဆောင်ထားနိုင်တဲ့ ဇာတ်လမ်းတွဲတစ်ခုပါ ။

The penthouse (War of life) ဇာတ်လမ်းတွဲမှာပါဝင်တဲ့ ကလေးသရုပ်ဆောင်တွေ ရဲ့ ရမ်းကားဆိုးသွမ်းမှုတွေကတော့ ကြည့်နေရင်းနဲ့ ထရိုက်ချင်စရာကောင်းလောက်အောင်ကို ပီပြင်တဲ့အတွက် ပရိသတ်တွေအတော်လေး မျက်မုန်းကျိုးစရာ ဖြစ်နေခဲ့တာပါ ။ ပရိသတ်အချစ်တော် ပန်ကိတ်ဒါဒါ လေးကလည်း ဒီဇာတ်လမ်းတွဲလေးနဲ့ ပတ်သက်ပြီး The penthouse (War of life) ထဲက
ကလေးတွေကို အိမ်ကို ပို့စေချင်တယ် ကျွန်မ အမေ နဲ့ ပေးတွေ့ချင်လို့ ဆိုတဲ့စာသားလေးကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့ပါတယ် ။

The penthouse (War of life) ဇာတ်လမ်းတွဲထဲမှာပါဝင် တဲ့ ကလေးသရုပ်ဆောင်တွေရဲ့ အချိုးမပြေမှုတွေက သူမအမေဆီရောက်ရင် အပိုးတွေ ကျိုးမကျိုးတော့မသိဘူး သွားတော့ကျိုးကုန်မှာသေချာတယ် လို့ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။ ပရိသတ်ကြီးရေ The penthouse (War of life) ဇာတ်လမ်းတွဲထဲက ကလေးတွေကို ဘယ်လိုမြင်လဲ မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Yamin Oo
Emily (Cele Gabar)

#credit