Lifestyle

သားအရင်းကိုယ်တိုင်က မိခင်အိုကြီးကို အတင်းတောင်းရမ်းစားသောက်ခိုင်းပြီး ငွေရှာနေခိုင်းတဲ့အဖြစ်

သားအရင်းကိုယ်တိုင်က မိခင်အိုကြီးကို အတင်းတောင်းရမ်းစားသောက်ခိုင်းပြီး ငွေရှာနေခိုင်းတဲ့အဖြစ်

ခေတ်ကာလကြီးဟာ တဖြည်းဖြည်းဆိုးရွားလာပြီးတော့ မိဘတွေဆီခိုကပ်စားသောက်နေကြတဲ့ သားသမီးတွေသာမက ၊ အချို့ဆိုရင် မသန်မစွမ်းတော့တဲ့ မိဘတွေကိုအသုံးချပြီးငွေရှာနေကြတဲ့ ရုပ်ညံ့လွန်းတဲ့ သူတွေလည်းရှိလာပါတယ်နော်။ယခု တစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ Ipoh မြို့ရှိ လူစည်ကားတဲ့စားသောက်ဆိုင်တွေမှာ လှည့်ပတ်ပြီးတောင်းရမ်းနေကြတဲ့ အဘွားအိုတစ်ယောက်ကို

Murphy Lim အမည်နဲ့ Facebook အသုံးပြုသူတစ်ယောက်က social media ပေါ်မှာဝေမျှခဲ့တာပါ။ အဘွားအိုနဲ့ သူမရဲ့အသက်အရွယ်နဲ့ မလိုက် ထော့နင်ထော့နင်လမ်းလျှောက်နေခဲ့ပြီးတော့ စားသောက်ဆိုင်ထဲမှစားပွဲဝိုင်းတွေဆီ တစ်ဝိုင်းပြီးတစ်ဝိုင်းရွေ့ကာ တောင်းရမ်းခဲ့တာပါ။သူမဟာ ပလပ်စတစ်ခွက်လေးကို ကိုင်ဆောင်ထားပြီးတော့ ခွက်ထဲမှာတော့ သူမလှည့်ပတ်ပြီး တောင်းရမ်းထားခဲ့တဲ့ ငွေစက္ကူ လေး အနည်းငယ်ရှိနေခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘယ်သူမှ မထင်ထားလောက်အောင် အတော်လေးဆိုးဝါးလွန်းတဲ့အဖြစ်ကတော့ ကျန်းမာသန်စွမ်းတဲ့လူလတ်ပိုင်းအမျိုးသားတစ်ယောက် (အဘွားအိုရဲ့ သားလို့ယူဆရသူ) ဟာ အဘွားအိုတောင်းရမ်းလို့ရရှိလာတဲ့

ငွေတွေကို ယူဆောင်ဖို့ စားသောက်ဆိုင်အပြင်ဖက်မှာ စောင့်နေခဲ့ပြီးတော့ သူမဆီမှပိုက်ဆံများကို အကုန်ယူဆောင်သွားခဲ့တာပါ။ထိုအဖြစ်အပျက်ဟာ Social Media ပေါ်မှာ အတော်လေးရေပန်းစားခဲ့ပြီးနောက် လူအများစုက

#credit