Lifestyle

ငွေကျပ် (၁၆၃) ဘီလီယံနဲ့ အိမ်ထောင်စုပေါင်း ခြောက်သန်းကျော်ကို အစိုးရက ထောက်ပံ့ပေးမည်

ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများကို ထောက်ပံ့ကြေးပေးသည့် ကိစ္စရှုပ်ထွေးနေဆဲ ဖြစ်ပြီး နေ့စဉ်ရပ်ကွက် အတွင်း ဖြေရှင်းပေးနေရဆဲ ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။ ရပ်ကွက် ရာအိမ်မှူး ဆယ်အိမ်မှူးတွေ မှတစ်ဆင့် အိမ်မှာနေထိုင်သူဦးရေ၊ အလုပ်အကိုင်အခြေအနေတွေကို မေးမြန်းစာရင်းကောက် ယူပြီး ထောက်ပံ့ကြေး အမှန်တကယ်ပေးသည့် အခါတွင် မရသူတွေက အဆင်မပြေသည့် အတွက် ပြသနာဖြစ်ရကြောင်းအခြေခံလူတန်းစား အများစုနေထိုင်ရာ လှိုင်သာယာမြို့နယ်က ပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“အချို့‌သောရပ်ကွက်တွေမှာ စာရင်းမပါလာတဲ့ အိမ်ထောင်စုတွေ ကို စာရင်း ပါလာတဲ့သူတွေနဲ့ အညီ ငွေကျပ်လေးသောင်း အပြည့်အဝ မပေးတော့ဘဲ တစ်အိမ်ထောင်ကို တစ်သောင်းခွဲနှစ်သောင်း အစ ရှိသလို အညီအမျှ ခွဲဝေပေးရတာတွေလည်း ရှိ‌ပါတယ်”ဟု လှိုင်သာယာမြို့နယ် ကျန်စစ်သား ၈လမ်း ရပ်ကွက် အုပ်ချုပ်ရေးမှူးက မြေပြင်အခြေအနေကို ပြောသည်။

အစိုးရမှ ကပ်ရောဂါကာလ အတွင်း ပုံမှန်ဝင်ငွေ မရှိသူတွေကို အချက် ၁၈ ချက် နဲ့ စိစစ်ပြီး ရွေးချယ်ကာ တစ်အိမ်ထောင် ကို Stay at home မြို့နယ်မှာ အကျုံးဝင်သူတွေက လေးသောင်းကျပ်၊ Stay At Home အကျုံးမဝင်သူသည် ၂ သောင်း ကျပ် ဟူ၍ဆိုပြီး သတ်မှတ်ထားခြင်း ဖြစ်ပြီး၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အိမ်ထောင်စုပေါင်း ၆ သန်းကျော် ငွေကျပ် ၁၆၃ ဘီလီယံကို ထောက်ပံ့ပေးသွားရန် ရည်ရွယ် ထားခြင်း ဖြစ်ကြောင်း သိရသည်။

Unicode

#credit