Lifestyle

လက်ဆေးသန့်စင်တဲ့စက်အနေနဲ့ ဝန်ထမ်းအလုပ်သမားကို အလုပ်ခိုင်းခဲ့တဲ့ ကုမ္ပဏီ

လက်ဆေးသန့်စင်တဲ့စက်အနေနဲ့ ဝန်ထမ်းအလုပ်သမားကို အလုပ်ခိုင်းခဲ့တဲ့ ကုမ္ပဏီ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုမြင့်မားလာတဲ့အတွက် ကုမ္ပဏီအများစုဟာ ၎င်းတို့ရဲ့ဝန်ထမ်းအလုပ်သမားတွေအတွက် လက်သန့်စင်စေတဲ့ hand sanitiser ဗူးတွေ ၊ mask တွေကိုပေးဖို့ ရောဂါကာကွယ်နိုင်အောင် ထောက်ပံ့မှုများ ပေးခဲ့ကြပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမည့် ကုမ္ပဏီဟာ သူ၏ဝန်ထမ်းအတွက် လိုအပ်တာထက်ပိုတဲ့လုပ်ရပ်မျိုးကို လုပ်မိလို့လူအများရဲ့ စိတ်ဆိုးဒေါသထွက်မှုကို

ခံနေရလျက်ရှိပါတယ်နော်။ထို ဖြစ်စဉ်ကတော့ ၎င်းတို့ရဲ့ရွှေ့ပြောင်းအလုပ်သမားတစ်ဦးကို လက်ဆေးသန့်စင်စေတဲ့စက် တစ်ခုလိုဝတ်ဆင်ခိုင်းပြီးနောက် ကုမ္ပဏီအနှံ့ပတ်လျှောက်ကာ ဝန်ထမ်းတွေကို လက်တွေဆေးကြောသန့်စင်ခိုင်းခဲ့လို့ပါပဲနော်။ပိုဆိုးတာကတော့ အဆိုပါအလုပ်သမားရဲ့ဝတ်စုံဟာ တကယ့်ကို သန့်စင်ခန်းထဲမှာရှိတဲ့ လက်ဆေးသန့်စင်စက်အတိုင် တစ်ပုံစံတည်း ပြုလုပ်ထားပေးလို့ပါပဲတဲ့။

အဆိုပါ အလုပ်သမားရဲ့ဓာတ်ပုံဟာ social media ပေါ်မှာ အတော်လေးပျံ့နှံ့သွားခဲ့ပြီးနောက် မှာတော့ လူအများစုကတော့ လူတစ်ယောက်ကိုအရှက်ခွဲတာထက်ပိုဆိုးပြီးတော့ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတဲ့အဖြစ်အနေနဲ့အဆိုပါကုမ္ပဏီကို အတော်လေးစိတ်ဆိုးဒေါသထွက်ခဲ့ကြတာပါ။ အချို့ကတော့လည်း ယခုခေတ်ရဲ့ ခေတ်သစ်ကျွန် ဆိုပြီးတော့လည်း မျိုးစုံဝေဖန်ခဲ့ကြပါတယ်နော်။

#credit