Celebrities

(၅) နှစ်ကြာပြီးနောက် သီချင်းအယ်လ်ဘမ်အသစ် ထွက်ရှိလာတော့မယ့် လင်းလင်း

အကြမ်းစားရောခ့်သီချင်းတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုများစွာကိုရရှိထားတာကတော့ အဆိုတော်လင်းလင်းပါ။ ပွင့်ပွင့်လင်းလင်းနဲ့အရှိအတိုင်းနေထိုင်ပြောဆိုတတ်တာကြောင့်လည်း ပရိသတ်တွေရဲ့သဘောကျနှစ်ခြိုက်မှုကိုရရှိထားပါတယ်။လင်းလင်းကတော့ ဇနီးဖြစ်သူချစ်သုဝေနဲ့အတူ ပရဟိတတွေလုပ်နေသလို ဂီတဖန်တီးမှုတွေကိုလည်း မမေ့လျော့တဲ့ပုံပါပဲ။

နှစ်တွေအကြာကြီးစောင့်နေခဲ့ရတဲ့ ပရိသတ်တွေအတွက် လင်းလင်းကတော့ ဖန်တီးမှုအသစ်တွေချပြဖို့ရှိနေပါတယ်။ လင်းလင်းကတော့ အခွေအသစ်ထွက်ရှိလာမယ့်အကြောင်းကို “ကဲ… ဒီတစ်ခါတော့ အတည် (၅) နှစ်ရှိပြီးတဲ့နောက် (၅) ခွေမြောက် ALBUM ရှေ့လထဲ ထွက်နိုင်အောင် ပြင်ဆင်နေပါတယ်။ Mix & Mastering တွေလဲ ကိုယ်တိုင်ဆိုတော့ ဂုဏ်ယူစရာပေါ့.. ဒီအခွေဟာ ကျနော့်အတွက် ရင်ခုန်စရာတွေ အပြည့်နဲ့ပါဘဲ ” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားဖော်ပြလာပါတယ်။

#credit