Celebrities

မင်္ဂလာဦးအကြိုအနေနဲ့ လှူဒါန်းမှုပြုလုပ်ခဲ့တဲ့ နိုင်းဝမ်းတို့စုံတွဲ

နိုင်းဝမ်းကတော့ ရက်ပ်သီချင်းတွေနဲ့ လူငယ်ပရိသတ်တွေရဲ့နှစ်ခြိုက်အားပေးမှုများစွာကို ရယူထားနိုင်တဲ့အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ မကြာခင်မှာတော့ ကာလကြာရှည်တွဲခဲ့တဲ့ချစ်သူလေးနဲ့ မင်္ဂလာဆောင်တော့မှာဖြစ်ပြီး ဒီသတင်းကိုလည်း ပရိသတ်တွေကိုအသိပေးထားခဲ့ပြီဖြစ်ပါတယ်။ နိုင်းဝမ်းတို့စုံတွဲကတော့ မင်္ဂလာဦးအကြိုအနေနဲ့ အလှူအတန်းတွေပြုလုပ်ခဲ့ပါတယ်

အဲ့ဒီအကြောင်းကိုတော့ နိုင်းဝမ်းကသူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ယနေ့ သစ်တံခါးဆရာတော်ကြီးရဲ့ ၁၀၈ရက်အဓိဌာန်အောင်ရက်မှာ ကျွန်တော်တို့နှစ်ယောက်ရဲ့မင်္ဂလာဦးအကြိုအလှူအဖြစ်လှူဒါန်းဖြစ်ပါတယ်” ဆိုပြီးရေးသားထားခဲ့တာပါ။ မင်္ဂလာဦးအလှူ အနေနဲ့မြဝတီမြို့ရှိသစ်တံခါးဆရာတော်အရှင်သူမြတ် (၁၀၈)ရက် အဓိဌာန်ဝင်မယ့် ကာလအတွင်မှား ခေတ္တသီးတင်းသုံးမယ့်အမှတ်(၂၇၅ ) မြသုခ သာ့သာနာရိပ်သာ ကျောင်းဝင်းအတွင်းရှိ အဆောက်အဦးအတွက် အလှူငွေ(၁၀,၀၀၀၀)ကျပ် လှူဒါန်းခဲ့တာပါ။

မကြာခင်မှာလက်ထပ်တော့မယ့်စုံတွဲလေးရဲ့အလှူကတော့ ကြည်နူးစရာပါ။ နိုင်းဝမ်းတို့ချစ်သူနှစ်ဦး အလှူအတန်းတွေများစွာလုပ်ရင်း ပျော်ရွှင်ကြည်နူးစွာအသက်ထက်ဆုံးပေါင်းဖက်နိုင်စေဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

#credit