Celebrities

ကျိုက်ထီးရိုးတောင်ပေါ်က အထမ်းသမားမိသားစု (၉၀၀) ကျော်အတွက် လိုအပ်တာတွေ ထောက်ပံ့ပေးဖို့ အလှူရှင်တွေဖိတ်ခေါ်လိုက်တဲ့ ထူးအယ်လင်း

အခုလိုအကျပ်အတည်းကာလမှာ အလွှာပေါင်းစုံက လူတိုင်းဟာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီထဲမှာမှ လက်လုပ်လက်စား သမားအများစုအတွက်ကတော့ ပိုပြီးခက်ခဲခဲ့ပါတယ်။ အရင်လို ခရီးသွားတွေအများကြီးမရှိတော့တဲ့ ကျိုက်ထီးရိုးတောင်ပေါ်မှာ အထမ်းသမားတွေဟာ စားဝတ်နေရေးအတွက် အတော်လေးကိုခက်ခဲနေခဲ့ကြပါတယ်။

ဒါကြောင့် ထူးအယ်လင်းက သူ့ရဲ့စုပေါင်းအလှူလေးကို ” ကျိုက်ထီးရိုးတောင်ပေါ်မှာ အထမ်းသမားမိသားစု ချို့တဲ့အိမ်ထောင် ၉၀၀ ကျော်ရှိပါတယ်။ အထမ်းသမားတစ်အိမ်ထောင်ကို ဆန် ၆ ပြည်၊ ကြာဆံ တစ်ထုပ်၊ ကုလားပဲဝါ ငါးဆယ်သား တစ်ထုပ်၊ ခုနှစ်ရက် တစ်ပတ်စာ စားနိုင်တဲ့ ငါးပိကြော်ထုပ်တစ်ထုပ် အစရှိတဲ့ ရိက္ခာများကို ကျိုက်ထီးရိုးတောင်ပေါ်ရှိ မှီတင်းအထမ်းသမားအိမ်ထောင် (၉၀၀) ကျော်ကို သွားရောက် ဝေမျှကူညီပံ့ပိုးပါမယ်ဗျ ”

/

သွားရောက်ကူညီရာမှာ တောင်ခြေမှ ထိုသူတို့အိမ်ထောင်စုကို စာရင်းကောက်၍ ခေါ်ယူဝေမျှမှာဖြစ်ပါတယ်။ ကျွန်တော်မှ စတင် ငါးသိန်း (၅၀၀,၀၀၀) မတည်ပါမယ်ခင်ဗျ ပါဝင်ကုသိုလ်ပြု လှုဒါန်းကူညီမည့် ခုနှစ်ရက်သားသမီး/ရာဟုသားသမီးအပါ အလှုရှင်များကို ဖိတ်ခေါ်ပါတယ်ဗျ နည်းများမဆိုပါ။ ယခု စာတင်သည့်အချိန်မှ စတင် အလှုပြုဖို့စီစဉ်ပါပြီ ခင်ဗျ။ လာမည့် စနေနေ့(၂၁.၁၁.၂၀၂၀) မနက်မှာ သွားရောက်လှုဒါန်းပါမယ်ခင်ဗျ ” ဆိုပြီး အားလုံးကိုဖိတ်ခေါ်ခဲ့ပါတယ်။ ပရိသတ်ကြီးလည်း လှူချင်ရင် ဆက်သွယ်ပြီး လှူဒါန်းလို့ရပါတယ်။

#credit